
နည်းပညာဖွံ့ဖြိုးမှု နှင့်အတူ အမုန်းစကားများ၊ မမြင် အပ်၊ မကြားအပ်သော ကိစ္စရပ် များ ပူးတွဲပါဝင်လာသဖြင့် ကျောင်းသား၊ ကျောင်းသူများအ နေဖြင့် ဒစ်ဂျစ်တယ်နည်းပညာကို ကောင်းသည့်ဘက်မှ အကျိုးရှိစွာ သင်ယူလေ့လာအသုံးချရန် အ ရေးကြီးကြောင်း ပညာရေးဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြောသည်။
‘‘ကျွန်တော်တို့တွေရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အခု KG+12 နဲ့ လိုက်လျောညီ ထွေစွာ ပြုပြင်ပြောင်းလဲနေတဲ့ ကျောင်းသုံးဖတ်စာအုပ်အသစ် တွေထဲမှာ၊ အလယ်တန်းတို့၊ အ ထက်တန်းတို့ထဲမှာ ICT Educa-tion ကို သင်ပေးမယ်ဆိုရင် ကျွန် တော်တို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေသည် ဒီ Digital နည်း ပညာကို ကောင်းကောင်းမွန်မွန် အကျိုးရှိစွာ အသုံးချနိုင်မှာ ဖြစ် ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး က ဆိုသည်။
ဩဂုတ် ၁၉ ရက်က နေပြည် တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ တယ်လီနောမြန်မာနှင့် ပညာရေး ဝန်ကြီးဌာန ပူးပေါင်းပြုလုပ်သည့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်း များ၌ ဘေးကင်းလုံခြုံသော ဒစ် ဂျစ်တယ်နည်းပညာ အွန်လိုင်းအသုံးပြုမှု စီမံကိန်းအခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီးက အ ထက်ပါအတိုင်း ပြောကြားသည်။
‘‘ဒါကြောင့် ကောင်းတဲ့ဘက် က သင်ယူလေ့လာမယ်ဆိုရင် ဒီ အွန်လိုင်းတို့၊ အင်တာနက်တို့အ ပေါ်မှာလည်း ကိုယ်သင်ယူလေ့ လာတာတွေအတွက် အခွင့်အ လမ်းတွေဟာ အများကြီးရှိပါ တယ်။ ဒါတွေနဲ့အတူတူ တစ်ဖက် မှာလည်းပဲ မကောင်းတာတွေကို မစမ်းဖို့အတွက် အရေးကြီးတယ်။ ကိုယ့်ရဲ့အာရုံကို ကိုယ်ဦးတည် တာပဲသွားဖို့အတွက် အင်မတန် အရေးကြီးပါတယ်’’ဟု ဒေါက် တာ မျိုးသိမ်းကြီးက ပြောသည်။
ယင်းသို့ အသုံးပြုနိုင်ရေး လေ့လာသင်ယူရာတွင် အင်္ဂလိပ် စာသည် အဓိကအရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်နေသဖြင့် ကျောင်းသား လူငယ်များသာ မက ဆရာ၊ ဆရာမကြီးများအနေ ဖြင့်လည်း ပြန်လည်လက်ဆင့် ကမ်းသင်ကြားနိုင်ရေး အင်္ဂလိပ် စာနှင့်အတူ ICT နည်းပညာကို လေ့လာသင်ယူရန်လိုအပ်မည်ဟုပြည်ထောင်စုဝန်ကြီးက ဆိုသည်။
‘‘ဒါကြောင့် ဆရာကြီး၊ ဆရာမကြီးများကလည်း အင်္ဂလိပ်စာ များများသင်ယူလေ့လာပါ။ ICT နည်းပညာတွေကို များများ သင်ယူလေ့လာပါ။ ဒီဟာတွေ သည် ကိုယ့်အတွက်တော့ မဟုတ် ဘူး။ လူငယ်တွေကို အကျိုးရှိ ထိရောက်စွာ ပြုစုပျိုးထောင်လို တယ်ဆိုရင် နည်းပညာသည် အင်မတန်အရေးကြီးပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ဆက် လက်ပြောကြားသည်။
7Day






0 comments:
Post a Comment