Monday, August 19, 2019

ဘတ်ဂျက်သုံးစွဲမှုထိန်းကျောင်းနိုင်ရေး စာရင်းစစ်ချုပ်အစီရင်ခံစာ တစ်နှစ်တစ်ကြိမ်ထက် ပိုမိုတင်ပြရန် အကြံပြု

အစိုးရဝန်ကြီး ဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းအသီးသီးက  စီမံကိန်းများ အ ကောင်အထည်ဖော်ရာတွင် အမှန် တကယ် အကျိုးထိရောက်သည့် ဘတ်ဂျက်သုံးစွဲမှုများ ဖြစ်၊ မဖြစ် စိစစ်ထိန်းကျောင်းနိုင်ရန် ပြည် ထောင်စုစာရင်းစစ်ချုပ် အစီရင် ခံစာကို တစ်နှစ်တစ်ကြိမ်ထက် ပိုမိုတင်ပြနိုင်ရေး ကြိုးပမ်းသင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က အ ကြံပြုသည်။

ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးက ပေးပို့သော ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏  ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ယခု တင်သွင်းလာသည့် အစီရင်ခံစာသည်    ၂၀၁၇-၁၈ဘဏ္ဍာရေးနှစ်အတွက်သာဖြစ် နေကြောင်း၊  လက်ရှိ ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ်သည် ဆောင်ရွက် ဆဲ ဘဏ္ဍာရေးနှစ်ဖြစ်၍ အစီရင် ခံစာ မတင်သွင်းနိုင်ခြင်းကို နားလည်ကြောင်း၊ သို့ရာတွင် ၂၀၁၈ မီနီဘတ်ဂျက်နှင့် သက်ဆိုင်သည့်စစ်ဆေးချက်များကို အချိန်မီတင်ပြနိုင်သင့်ကြောင်း ဒေါ်ခင်စန်း လှိုင်က ဆွေးနွေးသည်။
‘‘ကျွန်မတို့အနေနဲ့ အစိုးရရဲ့ စီမံကိန်းဆောင်ရွက်ချက်တွေကို အချိန်နဲ့ တစ်ပြေးညီသိခွင့်ရမှသာ လွှတ်တော်ရဲ့ထိန်းကျောင်းတည့် မတ်မှုဟာ ပိုမိုခိုင်မာအားကောင်း စေမှာဖြစ်ပါတယ်။ ခပ်လှမ်းလှမ်း အတိတ်ကာလက စစ်ဆေးတွေ့ ရှိချက်တွေကို သိခွင့်ရတာ အကျိုးမယုတ်ဘူးဆိုပေမယ့်လို့ တချို့ ကိစ္စရပ်တွေဟာ အချိန်လွန်မှ သိရတဲ့အတွက် သင်ခန်းစာယူရုံကလွဲ လို့ ပြန်လည်ကုစားဖို့ အခက်အခဲ ရှိပါတယ်’’ဟု ၎င်းက ဆိုသည်။
အနီးစပ်ဆုံးဘဏ္ဍာနှစ်မှ အဖြစ်အပျက်များကို သိရှိပါက အ ချိန်မီ ပြန်လည်ကုစားနိုင်သည့် အခြေအနေရှိကြောင်း၊  ပြည်သူ့ ဘဏ္ဍာသုံးစွဲမှုနှင့်ဆိုင်သည့် ကိစ္စ ရပ်များသည် အချိန်စွဲကုသရမည့် ကိစ္စရပ် မဖြစ်သင့်ကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေအရ လွှတ်တော်အစည်းအဝေး များ၌   နိုင်ငံတော်၏ အရအသုံး စာရင်းများ စစ်ဆေးခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင် ရွက်မှုများ စစ်ဆေးခြင်းတို့နှင့် ပတ်သက်ပြီး တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်တင်ပြခြင်းနှင့် ထူးခြားသော အခြေအနေကို အခါအား လျော်စွာ တင်ပြခြင်းတို့ ပါရှိ ကြောင်း ဒေါ်ခင်စန်းလှိုင်က ပြော သည်။
‘‘စာရင်းစစ်ချုပ်အနေနဲ့ အ နည်းဆုံးတစ်နှစ်တစ်ကြိမ်တင်ပြ နိုင်တယ်ဆိုတဲ့ အခြေအနေကိုကျေနပ်တင်း တိမ်အားရမနေသင့် ဘဲ လိုအပ်ရင်လိုအပ်သလို တင်ပြအစီရင်ခံနိုင်ဖို့ ကြိုးစားအား ထုတ်သင့်ပါတယ်။ ထူးခြားတဲ့ အခြေအနေတွေကိုလည်း ဥပဒေ က အပ်နှင်းထားတဲ့အတိုင်း အခါအားလျော်စွာ တင်ပြပေးဖို့ အကြံပြုလိုပါတယ်။ ဒါမှသာ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ဒီနေ့ပြည်ထောင်စု လွှတ်တော်ကြီးထဲမှာ ထောက်ပြဆွေးနွေးနေသလို တိုင်းပြည်အတွက် အမှန်တကယ် အကျိုးထိရောက်တဲ့ ဘတ်ဂျက် သုံးစွဲမှုတွေ ဖြစ်၊ မဖြစ်ဆိုတာ ပြည်ထောင်စုလွှတ်တော်ကြီးက အချိန်မီသိရှိခွင့်ရရှိပြီး လိုအပ် သလို ထိန်းကျောင်းတည့်မတ် ကုစားနိုင်မှာ ဖြစ်ပါတယ်’’ဟု ဒေါ်ခင်စန်းလှိုင်က ဆွေးနွေး သည်။
ယခု တင်ပြလာသည့်   ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု စာရင်းစစ်ချုပ်အစီရင်ခံစာကို လေ့လာကြည့်ပါက မူလလျာ ထားသည့်အတိုင်း မသုံးစွဲနိုင်၍ ပိုလျှံငွေ ဘီလီယံပေါင်းများစွာပြန်အပ်ခြင်း၊ ဘဏ္ဍာရေးစည်း မျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲဆောင်ရွက်မှုမရှိခြင်း၊ တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်း ကျင့်သုံးလုပ်ဆောင်မှု အားနည်းခြင်း စသည့်ကိစ္စရပ်ပေါင်းများစွာတွေ့ရသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး သည်။
‘‘ကျွန်မတို့ မျှော်လင့်တဲ့ ထိရောက်အကျိုးရှိတဲ့ ပြည်သူ့ဘဏ္ဍာသုံးစွဲမှုမျိုးကတော့ အလှမ်းဝေးနေ ဆဲလို့ဆိုရမှာပဲ ဖြစ်ပါ တယ်’’ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။
ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များ၊ အစိုးရဌာနများ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် ပြည်သူတို့အ တွက် အမှန်တကယ်  အကျိုးသက် ရောက်မှု ရှိ၊ မရှိ စစ်ဆေးခြင်းအပိုင်းနှင့် ပတ်သက်ပြီး အစီရင်ခံ စာတွင် မည်မည်ရရမတွေ့ရဟု ဆိုသည်။လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု၊ ဝန်ထမ်းများအဂတိကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးခြင်းဆိုသည့်ကိစ္စများကိုလည်း အစီရင်ခံစာတွင် ပြည့်စုံစွာဖော်ပြနိုင် ခြင်းမတွေ့ရဟု ဒေါ်ခင်စန်းလှိုင်က ထောက်ပြသည်။

7Day

0 comments:

Post a Comment