Wednesday, August 21, 2019

ဂုတ်တွင်းတံတားပေါ်မှ ယာဉ်ကုန်(၃၆)တန်ယာဉ်များကို စတင်ဖြတ်သန်းခွင့်ပြု

Image may contain: outdoor and nature

သြဂုတ်(၁၅)ရက် မနက်ပိုင်းက မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့ ဂုတ်တွင်းတံတားကို ဘေလီတံတားနဲ့ အစားထိုး ဖွင့်လှစ်ပြီးနောက် မော်တော်ယာဉ်တွေကို နေ့ရောညပါ အလှည့်ကျ စေလွှတ်ပေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
 ပြင်ဆင်ပြီးစီးသွားတဲ့ ဂုတ်တွင်းတံတားပေါ်ကို သြဂုတ်(၂၀)ရက် နေ့လယ်ပိုင်းက စတင်ပြီး ယာဉ်ငယ်တွေ အပါအဝင် ယာဉ်ကုန်(၃၆)တန်ရှိ မော်တော်ယာဉ်တွေကို အလှည့်ကျ စေလွှတ်ပေးခဲ့ တာဖြစ်ပါတယ်။ 

ယာဉ်ကြော နှစ်ဘက် အတက်အဆင်းကားတွေ များပြားတဲ့ အတွက် ကျောက်မဲနဲ့ နောင်ချို မြို့တွေက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ ခရိုင်နဲ့ မြို့နယ် ထွေအုပ်ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကုမ္ပဏီက တာဝန်ရှိသူတွေက ကြီးကြပ်ပြီး ညလုံးပေါက် အလှည့်ကျစေလွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 
Image may contain: one or more people, people standing, car and outdoor
Image may contain: night, sky, cloud and outdoor
သတင်း- သီပေါ ကိုလတ်

0 comments:

Post a Comment