Monday, August 19, 2019

မြန်မာ့ကာကွယ်ရေး စွမ်းရည်မြှင့်တင်ရန် တပ်ချုပ်နှင့်ရုရှားကာကွယ်ရေးဝန်ကြီးဆွေးနွေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံတွင် ကျင်းပသည့် International Army Games 2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergei Shoiguနှင့် တွေ့ဆုံကြောင်း သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ရုရှားကာကွယ်ရေးဝန်ကြီးနှင့် သြဂုတ် ၁၇ ရက်တွင်သီးခြားတွေ့ဆုံပြီး လာမည့်နှစ် များ၌ နိုင်ငံတကာ တပ်မတော်အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်မြှင့် တင်ရေး ဆောင်ရွက်မှုများတွင် ကူညီဆောင်ရွက်မည့် အခြေအ နေများ ထည့်သွင်းဆွေးနွေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
မြန်မာတပ်မတော်သည် International Army Games 2019 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ပြီး တင့်ကားစွမ်းရည်ပြိုင်ပွဲ၌ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ နိုင်ငံအလိုက် ရပ်တည်မှုတွင် ၁၃ နေရာရရှိသည်။ တင့်ကား စွမ်းရည်ပြိုင်ပွဲသို့ ၃၂ နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ် သည်။
International Army Games 2019 ပြိုင်ပွဲသို့ ၃၉ နိုင်ငံပါဝင်ယှဉ်ပြိုင်ပြီး စွမ်းရည်ပြိုင်ပွဲ ၃၂ မျိုးရှိကာ ၁၀ နိုင်ငံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။  မြန်မာတပ်မတော်က တင့်ကားစွမ်းရည်ပြိုင် ပွဲ၊ လက်ဖြောင့်သေနတ်ပစ် စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည် ပြိုင်ပွဲနှင့် ဖန်တီးမှုပြိုင်ပွဲ(Creative Competition)များသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည်ဟု တပ်မတော်က ထုတ်ပြန်သည်။
မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့သည် ပြိုင်ပွဲဝင် ၁၂ နိုင်ငံ၊ပြိုင်ပွဲဝင် ၁၃ သင်းအ နက်  အဆင့်(၅) နေရာတွင်လည်းကောင်း၊ လက်ဖြောင့်သေနတ်ပစ်တပ်ဖွဲ့သည် ပြိုင်ပွဲဝင် ၂၁ နိုင်ငံ၊ ပြိုင်ပွဲဝင် ၂၃ သင်းအနက် အဆင့် ၁၇ နှင့် တပ်မတော် ယဉ်ကျေးမှုအဖွဲ့သည် ပြိုင်ပွဲဝင် ကိုးနိုင်ငံအ နက် အဆို၊ အက၊ အတီးကဏ္ဍသုံးခုတွင် အကောင်းဆုံးဆုများ ရရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
7Day

0 comments:

Post a Comment