Thursday, August 15, 2019

ရေးမြို့တွင် ရေပြန်တက်သည့် ကောလာဟလကြောင့် အမျိုးသမီးတစ်ဦး သေဆုံ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဩဂုတ်လ ၁၄ ရက်နေ့ညပိုင်းတွင် ရေပြန်တက်လာသည်ဟူသည့် ကောလာဟလကြောင့် ဟံဂံကျေးရွာနေ အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး နှလုံးရောဂါထ၍ သေဆုံးခဲ့ရကြောင်း ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူးဦးနိုင်က အတည်ပြုပြောကြားသည်။
“ရေတက်နေပြီးဆိုပြီး social media ကနေသတင်းထွက်တော့ လူတွေက အော်ကြရော ရွာကလူတွေလည်း ရေတစ်ခါကြီးပြီးပြီဆိုတော့ ကြောက်ပြီး ဘုန်းကြီးကျောင်းပေါ် ပြေးတက်တဲ့သူကပြေးနဲ့ အဲဒီအဒေါ်ကြီးလည်း အော်သံကြားတော့ ရောဂါအခံကလည်းရှိနေတယ်ဆိုတော့ ရောဂါထတော့တာပဲ သူ့သားသမီးတွေ ရေးဆေးရုံကို ပို့တဲ့လမ်းမှာပဲ ဆုံးသွားတယ်။ ရေကြီးတုန်းက ထိခိုက်တာမရှိပေမယ့် အခုကောလာဟလကြောင့် လူတစ်ဦးသေဆုံးရတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကောလာဟလကြောင့် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ပင်လယ်ကမ်းစပ်ကျေးရွာများကို ဖုန်းဖြင့် ချက်ချင်းအတည်ပြု၍ မဟုတ်မမှန်သတင်းသာဖြစ်ကြောင်းနှင့် ရေးမြို့ပေါ်နှင့် ကျေးရွာများကို အကြောင်းပြန်ကြား အသိပေးခဲ့ကြပြီး နေအိမ်စွန့်၍ တိမ်းရှောင်သူများကိုလည်း နေအိမ်သို့ပြန်ကြရန် အသိပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ရွာကလူတွေက ရေကြီးတုန်းက လူထိခိုက်ဒဏ်ရာမရပေမယ့် စိတ်ဒဏ်ရာတွေ ရထားကြတော့ ဒီလိုကြားလိုက်တာနဲ့ အားလုံးက လန့်နေကြတယ်”ဟု ဦးနိုင်က ထပ်လောင်းပြောဆိုသည်။

ရေးမြို့နယ်တွင် ရေကြီးမှုကြောင့် မြို့နယ်၏ ၉၀ ရာခိုင်နှုန်ခန့်ရေလွှမ်းမိုးခံခဲ့ရပြီး လက်ရှိတွင် ရေပြန်ကျနေပြီးဖြစ်၍ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန် ပြည်နယ်အစိုးရက စစ်တမ်းများကောက်ယူလျက်ရှိသည်။
The Voice

0 comments:

Post a Comment