Monday, August 5, 2019

ဟောင်းနွမ်းစုတ်ပြဲ ငွေစက္ကူများ ပြည်သူသို့ ထုတ်မပေးရန် ဗဟိုဘဏ်ညွှန်ကြား ငွေစက္ကူအရည်အသွေး၊ လဲလှယ်ချိန် ကြာမြင့်မှုက အခက်အခဲဖြစ်စေဟု ပုဂ္ဂလိကဘဏ်များ ညည်းတွား

ဟောင်းနွမ်းစုတ်ပြဲနေ သည့် ငွေစက္ကူများ အများပြည်သူ သို့ ထုတ်ပေးခြင်းမပြုရန် နိုင်ငံပိုင် နှင့် ပုဂ္ဂလိကဘဏ်များထံ ဗဟို ဘဏ်က ညွှန်ကြားထားသည်။

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ် များမှ ဟောင်းနွမ်းစုတ်ပြဲနေသော ငွေများ ပြန်လည်ထုတ်ပေးခြင်း သည် ငွေကြေးသုံးစွဲသူအပေါ် စိတ်ချမ်းသာမှု မပေးနိုင်သည့်အ ပြင် ငွေစက္ကူထုတ်ဝေသည့် ဗဟို ဘဏ်၏ ဂုဏ်သတင်းကိုလည်း ကျဆင်းစေကြောင်း ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဗဟို ဘဏ်၏ အကြောင်းကြားစာတွင် ပါဝင်သည်။
ထို့အပြင် နိုင်ငံသုံး ငွေကြေးပေါ်တွင် ယုံကြည်မှုကျဆင်း စေပြီး နိုင်ငံ၏ဂုဏ်သိက္ခာကို လည်း ထိခိုက်စေသည်ဟု ဗဟိုဘဏ်က ဆိုထားသည်။
ထို့ကြောင့် ဘဏ်များအနေ ဖြင့် အများပြည်သူကို ထုတ်ပေး သည့် ငွေများတွင် ဟောင်းနွမ်း စုတ်ပြဲသည့် ငွေစက္ကူများ မပါဝင် စေရေး အထူးဂရုပြုထုတ်ဝေရန်၊ ဟောင်းနွမ်းငွေစက္ကူများ ဗဟို ဘစ်သို့ မပျက်မကွက်ပြန်လည် ပေးပို့ရန်နှင့် ငွေစက္ကူအသစ်များ ကိုသာ ထုတ်ပေးရန် ဗဟိုဘဏ် က ပြည်တွင်းဘဏ်များကို ညွှန် ကြားထားသည်။
ထိုသို့သော ညွှန်ကြားချက် ကို ၂၀၁၁ မှ ၂၀၁၈ အထိ ခုနစ် နှစ်အတွင်း လေးကြိမ်ခန့် ဗဟို ဘဏ်ကထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၂၀၁၇ တွင် ထုတ်ပြန်ခဲ့သော ဗဟိုဘဏ် ညွှန်ကြားချက်တွင် ပြည်တွင်း၌ လည်ပတ်သုံးစွဲနေ သော ငွေစက္ကူများအနက် ATM စက်၌ အသုံးမပြုနိုင်လောက် အောင် ဟောင်းနွမ်းနေသည့် ငွေ စက္ကူများကို မဖြစ်မနေ ပြန်လည် အပ်နှံရန် ပါဝင်သည်။
သို့သော် ပြည်တွင်းဘဏ် အချို့ထံမှ အများပြည်သူများ ငွေ ထုတ်ရာတွင် သုံးစွဲရန်မသင့် သည့် ဟောင်းနွမ်းစုတ်ပြဲသော ငွေစက္ကူများ ရောနှောပါဝင်နေ သည်။ ငွေလာထုတ်ချိန်၌ငွေစက္ကူ အသစ်မရှိ၍ အဟောင်းအချို့ကို ကြားညှပ်ပေးခြင်းမျိုးလည်း ဖြစ် နိုင်သည်ဟု ပုဂ္ဂလိကဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ ဟောင်းနွမ်းစုတ်ပြဲနေသည့် ငွေစက္ကူများ ဗဟိုဘဏ်တွင် လဲပေးသည်ဟုဆိုသော်လည်း တန်းစီစောင့်ရခြင်း၊ လျှောက်လွှာ များတင်ပြီး စစ်ဆေးမှုများ ပြုလုပ် ခြင်းတို့ကြောင့် အချိန်ယူရန် ပုဂ္ဂလိကဘဏ်များအတွက် အခက်အခဲရှိကြောင်း ကမ္ဘာ့ရတနာဘဏ်မှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာလှညွန့်က ပြောသည်။
‘‘ဘဏ်တွေမှာကလည်း အ သစ်၊ အဟောင်းလဲမယ့် ကောင် တာတွေမရှိတော့ ငွေစက္ကူအစုတ် တွေ၊ အဟောင်းတွေက ဝင်လာ လိုက်၊ပြန်ထွက်သွားလိုက်နဲ့ လည်နေတာလေ’’ဟု ၎င်းက ပြော သည်။ မြန်မာနိုင်ငံ၏ ငွေစက္ကူ အမျိုးအစားက အရည်အသွေး ပိုင်း အားနည်းခြင်းကြောင့် အသစ်ထုတ်လုပ်ပြီး ပြည်သူများ၏ လက်ထဲတွင် လှည့်လည်သုံးစွဲမည်ဆိုပါ က သုံးလခန့်အတွင်း ညစ်ပတ် သွားလေ့ရှိသည်ဟုဆိုသည်။
ထို့ကြောင့် ပြည်သူများအ ကြား ငွေစက္ကူသုံးစွဲမှု လျော့နည်း စေရေးကို ဗဟိုဘဏ်က ဦးဆောင်အကောင်အထည်ဖော်သင့်သည် ဟု ဒေါက်တာလှညွန့်က အကြံ ပြုသည်။

7Day

0 comments:

Post a Comment