Wednesday, August 21, 2019

ဒိုမီနီကန်နိုင်ငံ၏ အကြီးဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်း

ဒိုရီနီကန်နိုင်ငံရဲ့ အကြီးဆုံး မူးယစ်ဂိုဏ်းကို ဖြိုခွင်းလိုက်ပြီလို့ ထိပ်တန်း အစိုးရရှေ့နေက သြဂုတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။

အဲဒီမူးယစ်ဂိုဏ်းအဖွဲ့ဟာ ငွေကြေးခဝါချဖို့ ဘေ့စ်ဘော ကစားသမားဟောင်း နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေကို အသုံးချခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီ မူးယစ်ဂိုဏ်းထဲမှာ ပါဝင်ပတ်သက်မှုနဲ့ Major League ဘေ့စ်ဘော ကစားသမားဟောင်းတွေဖြစ်ကြတဲ့ အိုတာဗီယို ဒိုတယ်လ်နဲ့ လူဝီ ကာစတီလိုတို့ကို ဒိုမီနီကန် အာဏာပိုင်တွေက အင်္ဂါနေ့ အစောပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
ဒါဟာ ဒိုမီနီကန်နိုင်ငံရဲ့ လတ်တလော သမိုင်းမှာ အကြီးမားဆုံး မူးယစ်နှိမ်နင်းရေး စီမံကိန်းဖြစ်ပြီး တနိုင်ငံလုံးမှာ ဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေ အကြိမ် ၄၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ရှေ့နေချုပ် ယန်း အလိန်း ရိုဒရီဂိုက ပြောပါတယ်။
တောင်အမေရိက ကနေ အမေရိကန်နဲ့ ဥရောပကို တရားမဝင် မူးယစ်ဆေးဝါးတွေပို့တာ အပါအဝင် ဒိုမီနီကန်နိုင်ငံရဲ့ အကြီးဆုံး မူးယစ်မှောင်ခို လုပ်ငန်းတခုကို ထိန်းချုပ်ထားတဲ့ နိုက်ကလပ်ပိုင်ရှင် ဆီဇာ အီမီလီယို ပီယာလ်တာက အဲဒီမူးယစ်ဂိုဏ်းကို ဦးစီးနေတာလို့ ရိုဒရီဂိုက ဆက်ပြောပါတယ်။ ဘေ့စ်ဘော ကစားသမားဟောင်းတွေနဲ့ သူတို့ရှေ့နေတွေကို ဆက်သွယ်လို့ မရသေးပါဘူး။
DVB

0 comments:

Post a Comment