
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ယနေ့ကျင်းပပြုလုပ်နေသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။
အစီရင်ခံစာကို ထောက်ခံသူ လွှတ်တော်ကိုယ်စားလှယ် ၄၀၁ မဲ ရှိခဲ့သည်။
အလားတူ ကန့်ကွက်မဲ ၁၉၇ မဲ ရှိခဲ့သည်။
ယင်းအတွက် ထောက်ခံသူများသောကြောင့် အစီရင်ခံစာကိုအတည်ပြုကြောင်း လွှတ်တော်နာယကက ကြေညာခဲ့သည်။
ကော်မတီ ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးက ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ကန့်ကွက်သူရှိသလို ထောက်ခံသူများလည်းရှိခဲ့သည်။ အကြံပြုဆွေးနွေးသူများလည်းရှိကြသည်။
ယင်းဆွေးနွေးချက်များအပေါ် ကော်မတီအနေဖြင့် မှတ်ချက်ပြုရန်မရှိကြောင်း ၊ မှတ်သားထားကြောင်းနှင့် ဥပဒေကြမ်းရေးဆွဲရေးကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူက ပြောကြားခဲ့သည်။

သတင်းတမန်






0 comments:
Post a Comment