အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူအာကျွန်းမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး လူအုပ်ကြီးက အဆောက်အဦများကို မီးရှို့ကြရာမှာ ထောင်ကိုပါ မီးရှို့လိုက်တဲ့အတွက် ထောင်သား ၂၅၀ လွတ်မြောက်သွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
ဆူရာဘရားမြို့တွင် ပါပူအာလူမျိုး ကျောင်းသားများကို အင်ဒိုနီးရှားအလံကို မလေးမစားလုပ်မှုဖြင့် ဖမ်းဆီးထားမှုအား မကျေနပ်ရာမှ အဆိုပါ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
အခြေအနေများက မတည်ငြိမ်သေးရာ ပါပူအာသို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ တပ်ကူများ ရောက်ရှိလာကာ လွတ်မြောက်အကျဉ်းသားများကို လိုက်ဖမ်းနေကြောင်း သတင်းများက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသား ပါပူအာလူမျိုးများသည် ဆိုရွန်း၊ မာနိုကွာရီ နှင့် ဂျာရာပူရာတို့တွင် လမ်းမများပေါ် ထွက်လာကြပြီး ဆန္ဒပြလျက်ရှိကြသည်။
မီးလောင်သော အကျဉ်းထောင်ကို ဆန္ဒပြသူများက မီးတင်ရှို့ကြခြင်းဖြစ်ကာ အကျဉ်းသားများရှိရာကိုလည်း ခဲနဲ့ပေါက်ကြကြောင်း တရားရေးဌာန ပြောခွင့်ရအရာရှိ မာလီယန်လန်ဒီက ပြောကြားသည်။
ပါပူအာနယူးဂီနီ နိုင်ငံဟူ၍ သက်သက်ရှိသည်။ အင်ဒိုနီးရှားအနောက် ပါပူအာကျွန်းသားများသည်လည်း လွတ်လပ်ရေးကြေညာခဲ့ဖူးပြီး ယခုအခါ အင်ဒိုနီးရှားနိုင်ငံ ပိုင်နက်အဖြစ် ဆက်ရှိနေသည်။
The Voice






0 comments:
Post a Comment