Sunday, August 25, 2019

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့အနီး အင်အားအသင့်အတင့် ငလျင်လှုပ်


No photo description available.
ကချင်ပြည်နယ် ရှင်ဗွေယန်မြို့အနီး အင်အားရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်လှုပ် တစ်ခုလှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ 
အဲဒီငလျင်ဟာ သြဂုတ်လ(၂၆)ရက် မြန်မာစံတော်ချိန် (၀၉)နာရီ (၁၉)မိနစ် (၁၄) စက္ကန့်အချိန်မှာ မြစ်ကြီးနားမြေငလျင်စခန်းကနေ အနောက်မြောက်ဘက် (၁၁၈) မိုင်ခန့် အကွာ မြန်မာနိုင်ငံ ရှင်ဗွေယန်မြို့ရဲ့ အနောက်ဘက် (၈)မိုင်ခန့်အကွာ အနက် (၆၇) ကီလိုမီတာခန့်ကို ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

0 comments:

Post a Comment