Sunday, August 25, 2019

အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ်က မြန်မာ့တပ်မတော်သို့ TATA SAFARI STORME GS-800 (RHD) အမျိုးအစား မော်တော်ယာဉ်များ လက်ဆောင်ပေးအပ်

Image may contain: 5 people, people standing and outdoor

အိန္ဒိယတပ်မတော်ကြည်းတပ် ဦးစီးချုပ် General Bipin Rawatက မြန်မာ့တပ်မ တော်သို့ လက်ဆောင်ပေးအပ်သည့် TATA SAFARI STORME GS-800 (RHD) အမျိုးအစား မော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ် ၂၅ ရက်၊ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Shri Saurabh Kumar ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Shri Saurabh Kumar က အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ်မှ မြန်မာ့တပ်မတော်သို့ လက်ဆောင်ပေးအပ်သည့် TATA SAFARI STORME GS800 (RHD) အမျိုးအစား မော်တော်ယာဉ် ၁ဝ စီးအား လွှဲပြောင်းပေးအပ်ရာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက လက်ခံရယူသည်။ ထို့နောက် စစ်ထောက်ချုပ်က အမှတ်တရ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ရာ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ စစ်သံမှူးတို့က လက်ခံရယူသည်။
ယင်းနောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး မော်တော်ယာဉ်များအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
The Ladies News

0 comments:

Post a Comment