Wednesday, August 21, 2019

ရှမ်းမြောက်တိုက်ပွဲကြား ပိတ်မိနေတဲ့နိုင်ငံခြားသားတွေကို ပြန်လည်ခေါ်ဆောင်

Image may contain: one or more people and nature
ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေကြားထဲ ပိတ်မိနေတဲ့ အမေရိကန် နိုင်ငံသား ကိုးဦး အပါအဝင် နိုင်ငံခြား သား ၂၈ ဦးကို ကွတ်ခိုင်ကနေ တပ်မတော်က ဒီနေ့ ပြန်လည်ခေါ်ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ကနေ စတင်ပိတ်မိနေတာဖြစ်ပြီး သက်ဆိုင်ရာ သံရုံးတွေအပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အကူအညီတောင်းထားတယ်လို့ ပြောပါတယ်။

နိုင်ငံခြားသား ၂၈ ဦးကို ကွတ်ခိုင်ကနေ လားရှိုး၊ လားရှိုးကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တပ်မတော် လေယာဉ်နဲ့ ဒီနေ့ အရောက်ပို့ဆောင်ပေးမှာဖြစ်ပေမယ့် ရာသီဥတုအခြေအနေပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ မနေ့က ကွတ်ခိုင်နဲ့ နမ့်ဖက်ကာကြားထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိတယ်လို့ ပြောပါတယ်။
Image may contain: 3 people, people sitting
Image may contain: one or more people, people sitting and indoor
Photo: Kan Thar/RFA

0 comments:

Post a Comment