Wednesday, August 21, 2019

မိုင်းယောင်းမြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Image may contain: one or more people, people sitting and indoor
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့မှာ စိတ်ကြွမူးယစ်ဆေးပြားတွေနဲ့ ဘိန်းဖြူ အချို့ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သြဂုတ်(၂၁)ရက် မနက်ပိုင်းက အမှတ်(၉)ရပ်ကွက် သုဿန်ဝင်းအတွင်းထဲက ဇော်လတ် နေထိုင်တဲ့ ယာယီတဲအိမ်ကို ရှာဖွေခဲ့ရာ စိန်လှ(ခေါ်)ကတုံးနဲ့ စိုင်းနေဝင်းတို့ကို စိတ်ကြွဆေးပြား (၆၃)ပြားနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မိုင်းယောင်းမြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။

အဲဒီနေ့ ညနေ(၄)နာရီဝန်းကျင်ကလည်း မူးယစ်တပ်ဖွဲ့စု(၃၀)က ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိုင်းယောင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အမှတ်(၂)ရပ်ကွက်နေ ဦးနန်ဥခမ်းရဲ့ နေအိမ်ကို ရှာဖွေခဲ့ရာမှာလည်း ရှဲန်မွေလှ၊ ဦးသောင်းညွှန့် တို့နဲ့အတူ ဘိန်းဖြူ(၀ ဒသမ ၄)ဂရမ်ခန့်နဲ့ စိတ်ကြွဆေးပြား(၈၆၀)ကို ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အရေးယူထားတယ်လို့ မိုင်းယောင်းမြို့မရဲစခန်းက သိရပါတယ်။

သတင်း- စိုင်းအောင်ဇော်လင်း

0 comments:

Post a Comment