Sunday, August 4, 2019

အဆိုတော် အစ္စဏီအပေါ် မုဒိမ်းမှုဖြင့်စွဲဆိုထားမှုကို ယနေ့ ကြေအေးပေးမည်



အဆိုတော်အစ္စဏီအား မော်ဒယ် စူးရှထက်က မုဒိမ်းမှုဖြင့် တရားစွဲဆိုထားမှုအပေါ် ယနေ့ သြဂုတ် ၅ ရက်တွင် ကြေအေးပေးမည်ဖြစ်ကြောင်း တရားလိုရှေ့နေဖြစ်သသ ဦးရောဘတ်စန်းအောင်က ပြောသည်။

အဆိုတော် အစ္စဏီအား ၎င်း၏ ရည်းစားဟောင်းဖြစ်သူ စူးရှထက်က မုဒိမ်းမှုအပါအဝင် ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တာမွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
အမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ၂၃၀၀ အချိန် မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေး (၂၇)နှစ်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ရောက်ရှိနေစဉ် ဧပြီလ ၁၂ ရက်နေ့ ၀၂၄၅ အချိန်၌ ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ(၃၂)နှစ်မှ ဘားအတွင်းဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေးမှ ၎င်းငှားရမ်းနေထိုင်သည့်တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီမှလည်း ၎င်းယာဉ်ဖြင့် အတူလိုက်ပါလာခဲ့ကြောင်း၊ နေအိမ်သို့အရောက်တွင် ဟန်ထွန်းဇော်(ခ) အစ္စဏီမှ မော်ဒယ် စူးရှထက်(ခေါ်)မဇာခြည်ဌေး၏အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် ရုန်းကန်စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုအားတိုက်မိခဲ့၍ ဦးခေါင်း နာကျင်ခဲ့သည့်အပြင် တကိုယ်လုံးအား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်၍သတိမေ့နေစဉ် သားမယား ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းများက ဆိုသည်။
Image may contain: 1 person, standing, child and outdoor
Photo-Victor
News Watch

0 comments:

Post a Comment