
ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး)တွင် ရှစ်လေးလုံး (၈-၈-၈၈)အထိမ်းအမှတ်ပြတိုက် နေရာ ငှားရမ်းဖွင့်လှစ်နိုင်မည့် အရေး သေချာမှုမရှိသေးဘဲစဉ်းစားနေဆဲ အဆင့်သာရှိနေသေးကြောင်း ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဥ က္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက News Watch ကို ပြောသည်။
''တို့က လွပ်လပ်ရေးကြိုးပမ်းမှုပြခန်းတွေကိုသာ အဓိကထားတယ်။ သူတို့က လွတ်လပ်ရေးကြိုးပမ်းမှု နောက်ပိုင်းဖြစ်တဲ့ကိစ္စဖြစ် နေတယ်။ ပြင်တာကလည်း ပြီးမှမပြီးသေးတာ။ အဲတော့ ငှားမယ်၊ မငှားဘူး။ ပြောလို့မရသေးဘူး။ ပြတိုက်ကော်မတီဘက်က တောင်းဆိုတော့ စဉ်းစားပေးရမှာပေါ့။ စဉ်းစားပေးတယ်ဆိုတာ က Yes, No ပြောတာမဟုတ်ဘူးနော်''ဟု ၎င်းက ပြောသည်။
ဝန်ကြီးများရုံးသည် ၁၆ ဧကကျယ်ဝန်းရှိပြီး အဆောက်အဦထိန်းသိမ်း ပြုပြင်မွမ်းမံရန်အတွက် Anawmar Art Group (အနော်မာအနုပညာအဖွဲ့)က ယခင်အစိုးရလက်ထက်ကတည်းက (နှစ် ၅ဝ+၁ဝ+၁ဝ) စာချုပ် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းအဆောက်အဦကို သိမ်းဖြူလမ်းဘက် အပိုင်း(၁)နှင့် ဗိုလ်အောင်ကျော် လမ်းဘက်အပိုင်း(၂)ဟူ၍ အပိုင်း ၂ ပိုင်းခွဲကာ ၂ဝ၁၇ ခုနှစ်မှ စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အပိုင်း(၁) ပြင်ဆင်မွမ်းမံမှု ၉ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
''ပြီးစီးရင်တောင်မှ တို့ရဲ့နဂိုရည်ရွယ်ချက်က လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းပဲပြမှာ။ အဲဒါလေးတချက် စဉ်းစားရမယ်။ သူတို့က လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမဟုတ်တော့ဘူး။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ကိစ္စတွေဖြစ်သွားတယ်။ အဲဒါလည်း တချက်စဉ်းစားရမှာပေါ့။ ဒါပေမဲ့ Yes, No အခုထက်ထိ ပြောလို့မရသေး ဘူး''ဟု ၎င်းကပြောသည်။
ဝန်ကြီးများရုံးတွင် ၈-၈-၈၈ အထိမ်းအမှတ်ပြခန်းဖွင့်လှစ် နိုင်ရေးကိစ္စ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ Anawmar Art Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ရှစ်လေးလုံးပြတိုက်ကော်မတီတို့ တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။
''ကုမ္ပဏီဘက်ကတက်လာတဲ့ တာဝန်ခံအရာရှိနှစ်ယောက်က စတုရန်းပေ ၂ဝဝဝ နီးပါးရှိတဲ့အခန်းစီစဉ်ဖို့ သူတို့ တင်ပြပေးမယ်။ ကုမ္ပဏီတာဝန်ရှိသူတွေက ခွင့်ပြုမယ်၊ ခွင့်ပြုချက်ရပြီဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြောင်းကြားမယ်ဆိုတာ နဂိုစီစဉ်ထားတဲ့ကိစ္စပေါ့။ အခုအချိန်အထိတော့ တရားဝင် အကြောင်းပြန်ကြားတာ မရှိသေးဘူး''ဟု ကိုရဲနိုင်အောင်က ပြောသည်။
ရှစ်လေးလုံးသမိုင်းပြတိုက်( ယာယီ)ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း ကျိုက္ကဆံ အနောက်ရပ်ကွက်ရှိ အဆောက်အဦတွင် ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၈ ရက်ကတည်းက ဖွင့်လှစ်ထားသည်။ ယခုအခါ အဆိုပါအဆောက်အဦမှာ စာချုပ်သက်တမ်းပြည့်သွားသည့်အတွက် ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြတိုက်ကော်မတီမှ သိရသည်။ ယင်းသို့ ဝန်ကြီးများရုံးတွင် ပြတိုက်ဖွင့်လှစ်မည့် ရည်ရွယ်ချက်မှာလည်း ပြတိုက်နေရာအတွက် အဆောက်အဦမြေနေရာ အတည်တကျ မရရှိသေးမီကာလအထိ ဖွင့်လှစ်ရန်ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ၈၈၈၈ နှစ်ပတ်လည်နေ့တွင် ဖွင့်လှစ်နိုင်ရေးမဖြစ်နိုင်တော့ကြောင်း ကိုရဲနိုင်အောင်က ပြောသည်။
၈-၈-၈၈ သမိုင်းပြတိုက်တည်ဆောက်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ြ ကီးဌာန ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကိုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့က မြေနေရာသတ်မှတ်ပေးခဲ့ဖူးသည် ။
''အရင်တုန်းက ပါရမီလမ်းပေါ်မှာ နေရာတနေရာပေးတယ်။ သို့သော် အဲဒီနေရာသည် လမ်းကလည်း ကျပ်တယ်။ ပြတိုက်အတွက် ကားပါကင်စီစဉ်ဖို့ခက်တဲ့အတွ က် ဒီထက်သင့်တော်တဲ့နေရာမျိုး စဉ်းစားပေးပါဆိုပြီး ပြောထားတယ်''ဟု ကိုရဲနိုင်အောင်က ပြောသည်။
လင်းလင်းအောင်






0 comments:
Post a Comment