
ပေါင်မြို့နယ် သဲဖြူ ကုန်းကျေးရွာအနီးရှိ တောင်တစ် တောင်သည် လူနေအိမ်များရှိရာ ဘက်တွင် မြေလွှာအက်ကွဲကြောင်း များ ဖြစ်ပေါ်နေ၍ တောင်ပေါ်ရှိ စေတီငယ်အချို့ကို ဌာနဆိုင်ရာကယမန်နေ့တွင် ရွှေ့ပြောင်း ခဲ့သည်။ ထို့အပြင် မိုးဆက်ကောင်းနိုင်၍ တောင်မြေပြိုမည့် အန္တရာယ်ရှိနေ ကြောင်း ဘူမိဗေဒပညာရှင်များ က သတိပေးသည်။
လူအများအပြားသေဆုံး ခဲ့သော မလတ်တောင်မြေပြိုကျမှု ဖြစ်သည့်နေရာနှင့် မလှမ်းမကမ်း ရှိ အောင်စကြာစေတီ ဘုရားကုန်း ရှိ တောင်သည် မြေလွှာအက်ကွဲ ကြောင်းများဖြစ်နေပြီး အရံစေ တီလေးဆူသည် လူနေအိမ်များ နှင့် ရန်ကုန်-မော်လမြိုင် ကား လမ်းမရှိရာဘက်သို့ ယိုင်ကျနေ၍ ရွှေ့ပြောင်းခြင်းဖြစ်သည်။
‘‘အရံစေတီလေးဆူကနိမ့် သွားပြီး လမ်းမဘက်ကို ရိုင်နေ တာ။ တကယ်လို့ ပြုတ်ကျခဲ့ရင် ကားလမ်းမပေါ်အထိ ရောက်နိုင် တယ်။ မီးသတ်ရယ်၊ စည်ပင် ရယ်၊ လမ်းဦးစီးရယ်၊ ဆည် မြောင်းရယ် တောင်ပေါ်ကိုတက် ကြည့်ပြီး အရံစေတီလေးဆူကို ဖယ်ရှားတယ်။ အက်ကွဲကြောင်း တွေထဲကို ကွန်ကရစ်ယာယီ လောင်းထားတယ်’’ ဟု ပေါင်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအာင်မိုးဇော်က ပြောသည်။
မြေလွှာအက်ကွဲကြောင်းအတွင်း ကွန်ကရစ်လောင်းခြင်းနှင့် ကြံ့ခိုင်မှုစိတ်မချရသော အရံ စေတီလေးဆူကို ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ မွန်ပြည်နယ် မြို့နယ်များတွင် တစ်ကျော့ပြန် မိုးကောင်းနေပြီး ပေါင်မြို့နယ်၌ သြဂုတ် ၂၁ ရက်က မိုးရေချိန်ကိုး လက်မကျော်အထိ ရွာသွန်းခဲ့ သည်။
မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတွင် မိုးကောင်းပါက တောင်မြေပြိုမှုအန္တရာယ်ကြီးမား နေ၍ ဒေသခံများ အန္တရာယ်ကင်း ရေး တာဝန်ရှိသူများအနေဖြင့် ကြိုတင်စီမံထားရန် ဘူမိဗေဒပညာရှင်များက အထူးသတိပေးသည်။
‘‘မိုးကောင်းနေရင် တောင် ခြေမှာနေသူတွေကို ယာယီရွှေ့ ထားဖို့လိုတယ်။ အဲဒါအရေးကြီး ပါတယ်’’ ဟု ဘူမိဗေဒပညာရှင် ဒေါက်တာကျော်ထွန်းက သတိ ပေးသည်။
သြဂုတ် ၉ ရက်က ဖြစ်ခဲ့ သည့် မလတ်တောင်မြေပြိုမှုဖြစ် စဉ်ကို လာရောက်ကြည့်ရှုသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူ၏ ခရီးစဉ်တွင် လိုက်ပါလာ သည့် ဌာနဆိုင်ရာ ဘူမိဗေဒကျွမ်း ကျင်သူများက ပေါင်မြို့နယ်တွင် မိုးရေချိန် ခြောက်လက်မကျော်ရွာ ပါက မြေပြိုမှုအန္တရာယ်ရှိသည်ဟု သတိပေးထားသည်။
သြဂုတ် ၂၁ ရက်က မွန်ပြည် နယ်တွင် ပုံမှန်ထက်သိသိသာသာ မိုးကောင်းပြီး ပေါင်မြို့၌ ၉ ဒသမ ၂၉ လက်မ၊ ကျိုက်ဒုံတွင်၇ ဒသမ ၇၁ လက်မ၊ ကျိုက်မရောတွင် ၅ ဒသမ ၂၀ လက်မ၊ မော်လမြိုင်တွင် ၄ ဒသမ ၇၂ လက်မ၊ မုဒုံတွင် ၄ ဒသမ ၂၁ လက်မ၊ ရေးတွင် ၃ ဒသမ ၈၂ လက်မ ရွာခဲ့ရာ မြေပြိုမှုဘေးအတွက် အထူးသတိထားရမည့်ကာလဟု ပညာရှင်များက အထူးသတိပေးသည်။
တောင်ခြေတွင် နေထိုင်သူ များအတွက် ဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအစီအမံအ တွက် မွန်ပြည်နယ်အစိုးရက သီး ခြားပြောကြားထားခြင်းမရှိသေး ပေ။ မွန်ပြည်နယ်အစိုးရထံ ယမန် နေ့ညနေက ဖုန်းဖြင့်ဆက်သွယ် ရာ မရပေ။
မိုးကောင်းပါက မြေပြိုမှု ဘေးအပြင် ရေဘေးပါ သတိပြု ရန် ပညာရှင်များ သတိပေးနေ သည်။ မွန်နှင့် တနင်္သာရီတိုင်းဒေ သကြီးအပြင် ဒေသချင်းထိစပ်နေ သော ကရင်ပြည်နယ်တွင်ပါ သြဂုတ် ၂၁ ရက်တွင် ပုံမှန်ထက် မိုးကောင်းခဲ့သည်။ အထက်ပါ ဒေသသုံးခုတွင် ယခုရက်ပိုင်းအ တွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတိပေးထားသည်။ ထို့ အပြင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းနှင့်ရခိုင်ပြည် နယ်တွင် နေရာကွက်မိုးကြီးနိုင် ကြောင်း သတိပေးထား၍ရေဘေး နှင့် မြေပြိုမှုဘေး အထူးသတိပြုရ မည့် ကာလဖြစ်ကြောင်း မိုးလေဝ သနှင့်ဇလ ဒေညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။
7Day






0 comments:
Post a Comment