
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်၂၁း၃၀ အချိန် မြိတ်မြို့နယ်၊ သမုတ်နယ်မြေရဲစခန်းမှ လှည့်ကင်းအဖွဲ့သည် သတင်းအရ မြိတ်မြို့နယ်၊ ကန်ပြင်ကျေးရွာလမ်း၌ ဓားကိုင်၍ မူးယစ်ရမ်းကားနေသော ဌေးလွင် (၄၂) နှစ်အား သွားရောက်ဖမ်းဆီးစဉ် ၎င်းကိုင်ဆောင်ထားသည့် အရိုးအသွား ၈ လက်မခန့် ဓားဦးချွန်ဖြင့် ရဲတပ်ဖွဲ့ဝင်များအား လိုက်လံထိုးနေ၍ ရဲတပ်သား မင်းပိုင်စိုး (၃၀) နှစ်မှ BA-94 သေနတ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ ဌေးလွင်တွင် ဝဲလက်သူကြွယ်နှင့် လက်သန်းကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သြဂုတ်လ ၂၁ ရက်နေ့ ၀၃၂၅ အချိန် ဌေးလွင် (၄၂)နှစ်အား သမုတ်နယ်မြေရဲစခန်း(ပ)၁၇/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)နှင့် သမုတ်နယ်မြေရဲစခန်း (ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃(တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တား နှောင့်ယှက်မှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
- ပြည်ထဲရေး
အကုန်သိ သတင်းဌာန






0 comments:
Post a Comment