Thursday, August 22, 2019

တက္ကသိုလ်တက်ရန် အဆင့်မမီသူများ ၂၀၂၀ မှ စတင်ကာ အွန်လိုင်းစနစ်ဖြင့် ဒီပလိုမာတန်းများ သင်ကြားနိုင်မည်

Image may contain: 1 person, smiling, sitting and indoor
အထက်တန်းပြီး ဆုံးကြောင်း အောင်လက်မှတ်ရပြီး တက္ကသိုလ်ဆက်တက်ရန် အဆင့်မမီသူများ ၂၀၂၀ မှ စတင်ကာ အဝေးသင် တက္ကသိုလ်တွင် အွန်လိုင်းစနစ်ဖြင့် ဒီပလိုမာတန်းများ သင်ကြားနိုင်မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် စီးပွားရေး ဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ၀င်းသီတာက ပြောသည်။
အကုန်သိ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပါမောက္ခဌာနမှူး ဒေါက်တာဝင်းသီတာက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဆယ်တန်းမှာ (A) အဆင့်၊ (B) အဆင့်၊ (B) အဆင့်နဲ့ ဘယ်လိုအောင်အောင် သူက အထက်တန်း ပညာသင်ယူပြီးမြောက်ခြင်း လက်မှတ်ထုတ်ပေးမယ်လို့ ပညာရေးဝန်ကြီးက ပြောထားတယ်။ အဲဒီတော့ (A)အဆင့်နဲ့ အောင်တဲ့သူက တက္ကသိုလ်ဆက်သွား ပေါ့။ (B)အဆင့်နဲ့ အောင်တဲ့သူက အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတွေဆက်သွား။ (c) အဆင့်နဲ့ အောင်တဲ့သူ၊ သူက တော့ ဘယ်သွားရမှန်းမသိဘူး။ အဲဒီလိုလူတွေကိုကျတော့ သူ့ကို ဒီမှာ ဆရာမတို့ ကျောင်းမှာ အွန်လိုင်းကနေ သင်တန်းဖွင့် ပေး မယ်။ ဆက်တက်လို့ သူက ဘာသာရပ်တွေကို ပြန်သင်တာမှာ အောင်မြင်တယ်။ အကျမရှိဘူးဆိုရင် ဒီပလိုမာရမယ်။ ဒီသဘော ရှိတယ်။ အဲဒါက ၂၀၂၀ မှာ အွန်လိုင်းကနေ သင်တဲ့စနစ် စတင်မယ်” ဟု ပါမောက္ခ ဌာနမှူး ဒေါက်တာဝင်းသီတာက ပြောသည်။
မြန်မာနိုင်ငံတွင် အဝေးသင်ပညာရေးစနစ်ကို ၁၉၇၃ ခုနှစ်တွင် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ပညာရေး ဒီပလိုမာ စာပေးစာယူ သင်တန်းများ စတင်သင်ကြားခဲ့ပြီး ပညာရေးဘွဲ့ကို စာပေးစာယူသင်တန်းမှ ပေးအပ်ခဲ့သည်။
“ဆရာမတို့ အဝေးသင်ပညာရေးကိုတချို့က နေ့တိုင်းကျောင်းတက်ရတာ မဟုတ်ဘူး။ အရည်အသွေးနိမ့်တယ်။ ဘာညာဒီလို ပြောတယ်။ အမှန်တကယ်က မဟုတ်ပါဘူး။ ဆရာမတို့ဆီက ဘာသာရပ်တွေဟာ တကယ့်ကို အရည်အသွေးမီ ပို့ချနေတာပါ။ ကျောင်းကတကယ်လုပ်ရင်တကယ်ရပါတယ်။တကယ်လည်း တတ်မြောက်သွားတဲ့သူတွေအများကြီးပါ” ဟု အဝေးသင် ပညာ ရေးစနစ်အား ပါမောက္ခ ဌာနမှူး ဒေါက်တာ ၀င်းသီတာက ဆိုသည်။
၁၉၈၁ ခုနှစ်တွင် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များနှင့် ဒီဂရီကောလိပ်များအားလုံးမှ စာပေးစာယူ အဝေးသင် သင်တန်းများ စတင်ခဲ့သည်။
Image may contain: 5 people, people sitting and indoor

မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment