
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်တွင်ပိတ်မိနေသော အမေရိကန်နိုင်ငံသားအများစုပါဝင်သည့်နိုင်ငံခြားသား ၂၈ ဦးအား တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ရာ နေ့လည် ၁ နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းတို့အား တပ်မတော်ရဟတ်ယာဉ် (၂) စီးဖြင့် ယနေ့ နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့မှ ကယ်ထုတ်ပေးခဲ့ပြီး နံနက်ဆယ်နာရီခွဲတွင် လားရှိုးလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ လာရှိုးမြို့က မထွက်ခွာမီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။









0 comments:
Post a Comment