မနီလာမြို့တော်မှာ ကာလကြာရှည် ခံစားနေရတဲ့ ယာဉ်ကြောပိတ်ဆို့ မှု ပြဿနာ ပြေလျော့စေရေး အလို့ငှာ စာသင်ကျောင်းနဲ့ ဘဏ်တွေကို ၂၄ နာရီလုံး ဖွင့်ထားသင့်တယ်လို့  ဖိလစ်ပိုင်အစိုးရ ထိပ်တန်း အရာရှိတစ်ဦးက အကြံပြုလိုက်ပါတယ်။
သူ့ရဲ့ ကိုယ်ပိုင်အမြင်အရတော့ သူတို့ တွေ ၂၄ နာရီပတ်လုံး လုပ်ငန်းလည်ပတ်နေတာကို ထောက်ခံချက်ပေးပါကြောင်း ကမ္ဘာမှာ ဒီလိုဝန်ဆောင်မှုပေးတာမျိုး မရှိသေးဘူးလို့ ထင်ကြောင်း၊ ဒါကြောင့် ဒါကို မိမိတို့  လုပ်ကြည့်ရမှာဖြစ်ကြောင်း သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆေဗာဒို ပန်နာလို က ပြောဆိုပါတယ်။
စာသင်ကျောင်း၊ ဘဏ်တွေကို ၂၄ နာရီဖွင့်လိုက်တာကြောင့် နေ့ဘက် အပြင်ထွက်ရမယ့် လူအရေအတွက် လျော့ကျသွားကာ နေ့ဘက် ယာဉ်ကြောပိတ်ဆို့ မှုတွေ လျော့ကျသွားလိမ့်မယ်လို့  ပန်နယ်လိုက အခိုင်အမာပြောဆိုခဲ့ပါတယ်။ “ သူတို့ တွေရဲ့ လုပ်ဆောင်စရာတွေ ၂၄ နာရီပတ်လုံး လုပ်လို့ ရနိုင်ပြီဆိုရင် တွေးကြည့်လိုက်စမ်းပါ။ လူဦးရေ တစ်ဝက်လောက်က ညဘက်ကျမှ အပြင်ထွက်လုပ်ပြီး၊ တစ်ဝက်လောက်က နေ့ဘက်မှာ လုပ်ကြတော့မှာပေါ့” လို့  ၄င်းက ဆိုပါတယ်။
၆၂၀ စတုရန်းကီလိုမီတာရှိတဲ့ မြို့တော်မှာ သွားလာလှုပ်ရှားသူတွေ ခြေလျင်ခရီးသွားသူ ပိုများလာစေအောင်လုပ်ဆောင်ဖို့  လွှတ်တော်အမတ်တွေက အကြံပြုထားကာ အစိုးရအနေနဲ့ နောက်နှစ် ဘတ်ဂျက်မှာ မြင့်မားတဲ့လူသွားလမ်းကွန်ရက်တစ်ခု ဆောက်လုပ်ဖို့  သီးခြားရန်ပုံငွေတောင်းခံရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ လုပ်ငန်းခွင်တွေကို လမ်းလျှောက်သွားလာခြင်းဟာ မြို့တော်ရဲ့ သွားလာလှုပ်ရှားမှုနဲ့  ကျန်းမာရေး အကျိုးကျေးဇူးနှစ်ခုလုံး ရစေမှာဖြစ်ကြောင်း လွှတ်တော်ရဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကော်မတီ ဥက္ကဌ ဂရေ့စ်ပိုး က ပြောဆိုပါတယ်။
Ref : SCMP
ကိုလင်း ( အကုန်သိ သတင်းဌာန )






0 comments:
Post a Comment