Thursday, August 22, 2019

ဘရာဇီးအစိုးရ အထိနာစေရန် အန်ဂျီအိုများက အမေဇုန်တော မီးရှို့ဟု သမ္မတ စွပ်စွဲ

ဘရာဇီးအစိုးရ အထိနာစေဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs) တွေက အမေဇုန်သစ်တောကို မီးရှို့တယ်ဆိုပြီး သမ္မတ ဘိုဆိုနာရိုက သြဂုတ် ၂၁ ရက်နေ့မှု စွပ်စွဲပြောလိုက်ပါတယ်။

ဘိုဆိုနာရိုမှတ်ချက်ဟာ ဝေဖန်သူတွေကို ဒေါသဖြစ်စေပြီး အမေဇုန်တောအပေါ် အန္တရာယ်ကျရောက်နေတာနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေကို ပိုမိုတိုးပွားစေပါတယ်။
ဘိုဆိုနာရို ပြောကြားချက်ဟာ အမေဇုန်သစ်တော ကာကွယ်ရေးကို ဘရာဇီးအစိုးရ ကဖျက်ယဖျက် လုပ်နေတာကို ဖုံးကွယ်နေတာလို့ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ကျွမ်းကျင်သူတွေက ပြောပါတယ်။
နောက်ပြီး အမေဇုန်တောမီးဟာ သစ်ခုတ်သူတွေ မီးရှို့တာကြောင့် လောင်တာလို့လည်း သူတို့ကပြောပါတယ်။
အမေဇုန်ဟာ ဒီနှစ်မှာ တောမီး ၇၂,၈၄၃ ခု လောင်ခဲ့ပြီး ဒါဟာ မနှစ်ကထက် တောမီးလောင်မှု ၈၃ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့ ဘရာဇီး အာကာသသုတေသနစင်တာက ဆိုပါတယ်။
ဘရာဇီးသမ္မတ ဘိုဆိုနာရိုက အမေဇုန်တောမှာ လယ်ယာစိုက်ပျိုးရေးနဲ့ သတ္တုတွင်းလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဖွင့်ပေးချင်သလို သစ်တောပြုန်းတီးမှုအပေါ် စိုးရိမ်တဲ့နိုင်ငံတွေကိုလည်း ဘရာဇီး ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဖို့ ပြောခဲ့ပါတယ်။
DVB

0 comments:

Post a Comment