Thursday, August 22, 2019

စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်မစွက်ဖက်ရန် နယ်ခြားစောင့်တပ်ကို တပ်မတော် သတိပေး

စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကို တပ်မတော်က သတိပေးလိုက်ပါတယ်။

တပ်မတော်အနေနဲ့ နယ်ခြားစောင့်တွေကို ရသင့်ရထိုက်တဲ့ အဆောင်အယောင်နဲ့ ရိက္ခာတွေကို ထောက် ပံ့ပေးထားတာကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ကိစ္စတွေကို မလုပ်ဆောင်သင့်ပဲ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ တပ်မတော်က သတိပေး လိုက်တာပါ။
ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်တွေ ထူထောင်ခြင်း ၉ နှစ်ပြည့် အခမ်းအနားမှာ ဒုညွန်မှူး ဗိုလ်မှူးကြီး မျိုးထွဋ္ဋ်က အခုလို သတိပေး ပြောဆိုခဲ့တာပါ။ 
ကရင်ပြည်နယ် အရှေ့တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်မှာ ဖွဲ့စည်းထားတဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ရင်း ၁၃ ရင်း ရှိပါတယ်။ ဒီတပ်ရင်းတွေကိုတော့ အရင် DKBA ခေါင်းဆောင်ဟောင်း  ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်နေတာပါ။
ဗိုလ်မှူးကြီးစောချစ်သူကတော့ သူတာဝန်ယူဆောင်ရွက်နေတဲ့ နယ်မြေဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေကို သက်ဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ ထောက်ပြပေးဖို့ ပြောဆိုခဲ့ပါတယ်။ 
မြဝတီမြို့နယ်၊ ရွှေကုက္ကိုအထူးဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်တဲ့ နယ်ခြားစောင့်တပ်ရင်း ၄ ခုပေါင်း အခမ်းအနားကိုတော့ ကရင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ပါတယ်။
သတင်း- ရဲမင်းခေါင်
DVB

0 comments:

Post a Comment