Wednesday, August 7, 2019

ကရင်ပြည်နယ် ကယ်ဆယ်ရေးစခန်း ၃၃ ခုတွင် ရေဘေးသင့်ပြည်သူ ၁၂၀၀၀ ကျော် ခိုလှုံ

Kayin water float 2
ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေနဲ့ တောင်ကျချောင်းရေလျှံမှုတွေကြောင့် သြဂုတ် ၇ ရက် ညနေ့ပိုင်းအထိ ရေဘေးကယ်ဆယ်ရေးစခန်း ၃၃ ခုမှာ ရေဘေးသင့်ပြည်သူ ၁၂၀၀၀ ကျော် ယာယီပြောင်းရွှေ့ခိုလှုံနေရပါတယ်။

သြဂုတ်လဆန်းပိုင်းက စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ သံလွင်မြစ်၊ လှိုင်းဘွဲ့ချောင်း၊ ဟောင်သရောမြစ်၊ သောင်းရင်းမြစ်ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ရေဘေးသင့်ပြည်သူတွေဟာ ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေစခန်းတွေမှာ သြဂုတ် ၆ ရက်နေ့မှ စတင်ပြီး ခိုလှုံနေရတာပါ။
ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်(မြေနုကိုင်း) မတင်မာဝင်းက “ရေမကြီးစေချင်ဘူး။ ဒီမှာက လူအများနဲ့ဆိုတော့ ဒုက္ခရောက်တာပေါ့။ ကိုယ် ဖြစ်စေချင်တာက ရေမကြီးပါစေနဲ့လို့ ဆုတောင်းပေးတယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က “မနှစ်က အတွေ့အကြုံက ရှိထားပြီးသား။ ရေကြီးတာလည်း ဒီနှစ်မှ မဟုတ်ပါဘူး။ ကရင်ပြည်နယ်မှာက နှစ်စဉ် ရေကြီးနေကျပဲ။ ဒီအတွက်ကတော့ ကျမတို့က စီမံချက်ရှိပြီးသား။ ဘယ်နေရာဖြစ်လဲ။ ဖြစ်တဲ့အချိန်ကို နာရီပိုင်းအတွင်း ကျမတို့ ကူညီဖို့က အဆင်သင့်ပါ” လို့ ပြောပါတယ်။
ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်(ရာဘာခြံလမ်း) ဒေါ်အေးဇာခိုင်က “ရေကတော့ တက်နေတာ အကြာကြီးပဲ။ နေရင်း နေရင်းနဲ့  တစတစ ရေက ခုန်ခုန်ပြီးတက်လာသလိုပဲ။ တအားတက်လည်း တက်လာရော အိမ်မှာလည်း ဆိုင်ဖွင့်ထားတဲ့အခါကျတော့ ပစ္စည်းတွေလည်း မသိမ်းနိုင်ဘဲနဲ့ ဒီကို ပြေးလာလိုက်ရတယ်”လို့ ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ပြည်နယ်အစိုးရက ဆန်၊ ဆီနဲ့ နေထိုင်စားသောက်ရေးအတွက် စီမံဆောင်ရွက်ပေးထားပြီး လူမှုဝန်ထမ်းဦးစီဌာနကလည်း လူတဦးကို ဆန်နို့ဆီဘူး ၂ ဘူးနှုန်းနဲ့ ၇ ရက်စာ ထောက်ပံ့ပေးထားသလို ကျန်းမာရေး စောင့်ရှောက်မှုတွေပါ ဆောင်ရွက်ပေးထားပါတယ်။
ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ဘားအံမြို့မှာ ၁၂ ခု၊ လှိုင်းဘွဲမြို့နယ်မှာ ၉ ခု၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ၃ ခု၊ မြဝတီမြို့နယ်မှာ ၄ ခုနဲ့ ကော့ကရိတ်မြို့နယ်မှာ ၅ ခု ယာယီ ဖွင့်လှစ်ထားပါတယ်။
သြဂုတ် ၈ ရက်နေ့ မနက်တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅၀ ကေန ၈၃၀ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပြီး သောင်းရင်းမြစ်ရေကေတာ့ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနေပြီလို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
Kayin water float 1
Kayin water float 3
သတင်း – ရဲမင်းခေါင်
DVB

0 comments:

Post a Comment