
နေပြည်တော်၊သြဂုတ်လ(၁၄)ရက်။သည်ကနေ့ ဗစ်တိုးရီးလေးအမှုရဲ့ လေးကြိမ်မြောက်ရုံးချိန်းကို လာရောက်ဝန်းရံကြတဲ့သူ ပြည်သူအချို့ ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ စတင်ရောက်ရှိနေပြီဖြစ်ပါတယ်။
လေးကြိမ်မြောက်ရုံးချိန်းမှာတော့ ကလေးရဲ့ ဖခင်နဲ့ အဖွားကို အစိုးရဥပဒေအရာရှိက စစ်ဆေးမေးမြန်းသွားမယ်လို့ သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေဦးခင်မောင်ဇော်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ တတိယအကြိမ်ရုံးချိန်းတုန်းကတော့ ကလေးရဲ့ မိခင်ကို ရှေ့ နေဦးခင်မောင်ဇော်က စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။
သည်ကနေ့  ကလေးရဲ့ ဖခင်နဲ့ အဖွားတို့ က တရားခွင်မှာ ဘာတွေထွက်ဆိုကြမလဲဆိုတာတော့စောင့်ကြည့်ကြရဦးမှာဖြစ်ပါတယ်။





Author/Photo - မာရီခိုင်






0 comments:
Post a Comment