နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့တန်ဂိုအကပွဲတော်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မယ့် ကမ္ဘာတဝှမ်းက ပြိုင်ပွဲဝင်တွေဟာ သြဂုတ် ၁၂ ရက်နေ့က သူတို့ရဲ့ အကစွမ်းရည်ကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မှာ ပြသခဲ့ပါတယ်။
ပြိုင်ပွဲမှာ ရွေးချယ်ခံရရေးအတွက် စုံတွဲတွေဟာ တန်ဂိုအကကို ပြသခဲ့သလို ဒိုင်အဖွဲ့ကလည်း သူတို့စွမ်းရည်ကို အကဲဖြတ်နေကြပါတယ်။
ကမ္ဘာ့တန်ဂိုအကရဲ့ ဗဟိုချက်ဖြစ်တဲ့ ဗျူနိုအေးရိစ်ဟာ ရင်သပ်ရှုမောဖွယ် တန်ဂိုအက မွေးဖွားရာနေရာ ဖြစ်ပါတယ်။
တန်ဂိုအကဟာ ၁၉ ရာစုဝန်းကျင်က ဗျူနိုအေးရိစ်မြို့ အလုပ်သမားလူတန်းစား ဆိပ်ကမ်းတွေကနေ စတင်ခဲ့တယ်လို့ သိရပါတယ်။
ဗျူနိုအေးရိစ်မြို့ရဲ့ ကမ္ဘာ့တန်ဂိုအကပွဲတော်ကို သြဂုတ် ၂၁ ရက်နေ့ စတင်မှာဖြစ်ပြီး နာမည်ကြီး တန်ဂိုအက ပါဝင်တဲ့ ရုပ်ရှင်တွေ၊ ဆွေးနွေးပွဲတွေနဲ့ ပြိုင်ပွဲတွေ ပါဝင်သွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
DVB






0 comments:
Post a Comment