အာဂျင်တီးနားနိုင်ငံမှာ စီးပွားရေး အကျပ်အတည်း ဆိုက်နေချိန်မှာ ဘဏ္ဍာရေးဝန်ကြီး နီကိုးလပ်စ် ဒူကိုဗင် ရာထူးက နုတ်ထွက်သွားပါတယ်။
ဘဏ္ဍာရေး ဝန်ကြီးဌာနထဲမှာ သိသာထင်ရှားတဲ့ ပြန်လည်ဆန်းသစ်မှုကို အစိုးရက လိုအပ်နေတယ်လို့ သူက ယုံကြည်တယ်လို့ သြဂုတ် ၁၇ ရက်မှာ မြင်ခဲ့ရတဲ့ နုတ်ထွက်စာမှာ ရေးထားတဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
သိသာထင်ရှားနေတဲ့ ဘဏ္ဍာရေး လိုငွေပြမှုကို သက်သာအောင်နဲ့ အစိုးရ အသုံးစရိတ်ကို အလိုက်သင့် လျှော့ချတဲ့နေရာမှာ သူ့မှာရှိသမျှ အရာအားလုံး ပေးဆပ်လုပ်ကိုင်ခဲ့တယ်လို့ ဒူကိုဗင်က သမ္မတ မော်ရီစီယို မာခရီဆီ ပေးတဲ့စာထဲမှာ ရေးထားပါတယ်။
မာခရီကတော့ ဗျူးနော့စ် အေးရီးစ် ပြည်နယ်ရဲ့ လက်ရှိ စီးပွားရေးဝန်ကြီး ဟာနန် လာကန်ဇာကို ဒူကိုဗင်ရဲ့ နေရာမှာ အစားထိုးဖို့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တယ်လို့ အစိုးရ သတင်းရင်းမြစ် တရပ်က ပြောပါတယ်။
သြဂုတ် ၁၁ ရက် ရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေ ထွက်ပေါ်အပြီး အာဂျင်တီးနား ပီဆိုငွေတန်ဖိုးဟာ တရဟော ကျဆင်းခဲ့တာပါ။
သြဂုတ် ၁၆ ရက်နဲ့ သီတင်းပတ်ကုန်ရက်တွေမှာ ပီဆိုငွေ တန်ဖိုး ၂၁ ရာခိုင်နှုန်း ကျဆင်းတာဟာ မာခရီအတွက် ထိုးနှက်ချက်အသစ် ဖြစ်ခဲ့တာပါ။
အောက်တိုဘာ ရွေးကောက်ပွဲ နီးကပ်နေချိန်မှာ ကျရှုံးမယ့် အရိပ်အယောင် တိုးလာနေတယ်လို့ မီဒီယာတွေက သုံးသပ်နေပါတယ်။
DVB






0 comments:
Post a Comment