မြစ်ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူလုပ်ဆောင်ရွက်သွားရမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေကို အနယ်နယ်အရပ်က လူမှုအဖွဲ့စည်းတွေ လာရောက်ကူညီပေးကြတဲ့ လှူဒါန်းတာတွေကို စနစ်တကျပြန်လည်ဖြန့်ဝေပေးနေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် အချိန်ယူရဦးမယ်လို့ ရေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။
ကျောင်းရွာကျေးရွာ နေအိမ်မျောသူ ဦးညီညီက “ငွေက ၂ သိန်းကျပ်နဲ့ ဆန်ဆီ လူသုံးကုန်တွေ
ရသင့်သလောက်တော့ရပေမယ့် အခက်အခဲတွေက လက်တလောဖြေရှင်းရပေမယ့် ပြန်လည်ထူထောင်ရေးက လိုအပ်နေတယ်” လို့ ပြောပါတယ်။
ရေးမြို့နယ်ကို အနယ်နယ်အရပ်ရပ်မှ လာရောက်လှူဒါန်းမှုပမာဏမှာ ငွေနဲ့ကယ်ဆယ်ရေး
ခန့်မှန်းပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း သောင်းဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။
သြဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့လို့ ရေးမြို့နယ်အတွင်းမှာ အိမ်ခြေ ၇၅၀၀ နီးပါး ရေဘေးသင့်ခဲ့ရပြီး အိမ်ခြေ ၆၀၀ ကျော် ပျက်စီးခဲ့ကာ လူဦးရေ ၄၁၀၀၀ ကျော်ရေဘေးသင့်ခဲ့ရပါတယ်။
နေမျိုးထွဋ်
DVB






0 comments:
Post a Comment