Friday, August 23, 2019

ဦးဟန်ထူးပါ ၆ ဦးအမှုတွဲ နေပြည်တော်ရောက်နေ၍ စက်တင်ဘာ ၆ ရက်သို့ ပြန်လည်ချိန်းဆို

အဂတိလိုက်စားမှုဖြင့် တရာစွဲခံထားရသည့် ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ၆ ဦးအမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်တွင် သြဂုတ် ၂၃ ရက်တွင် ရုံးထုတ်ရာ အမှုတွဲ နေပြည်တော်ရောက်နေသဖြင့် စစ်ဆေးနိုင်ခြင်းမရှိဘဲ စတ်တင်ဘာလ ၆ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်သည်။

"အမှုတွဲ နေပြည်တော်ရောက်နေလို့ ဒီနေ့မစစ်နိုင်ဘဲ စက်တင်ဘာ ၆ ရက်ကို ပြန်ချိန်းလိုက်တယ်ပေါ့။ ဟိုမှာ အမှုပေါ်တဲ့အခါ နှစ်ဖက်လျှောက်လဲချက်ပေးမယ်။ ဘာအမိန့်ချမလဲတော့ မသိသေးဘူး"ဟု ဦးဟန်ထူး၏ ရှေ့နေအဖြစ်ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်ကပြောသည်။
အမှုမှာ ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုတွင် သံသယတရားခံ ၃ ဦးအား ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးက တရားရှင်လွှတ်ပေးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်တို့ ၅ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ များဖြင့် အသီးသီး အမှုဖွင့်အရေးယူထားသည့်အမှုဖြစ်သည်။
အဆိုပါအမှုတွဲ နေပြည်တော်သို့ရောက်ရှိနေသည်မှာ ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်ကတည်းကဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၃ရက်နေ့အထိ တိုင်းတရားလွှတ်တော်သို့ ပြန်လည်မရောက်ရှိသေးချေ။
ဦးဟန်ထူးပါ ၆ ဦးအမှုကို စစ်ဆေးနေသည်မှာ ၁ နှစ်နီးပါးရှိပြီဖြစ်သည်။
TCM

0 comments:

Post a Comment