Thursday, August 22, 2019

အဝေးသင်တက္ကသိုလ် တက်ရောက်ချိန်တွင် လုံလောက်သော ခွင့်ရက်ရရှိရန် ပါဝင်သော တောင်းဆိုချက် သုံးချက်အတွက် ဖဲကြိုးစိမ်းလှုပ်ရှားမှု လားရှိုးပညာရေးကောလိပ်တွင် ပြုလုပ်

အဝေးသင်တက္ကသိုလ် တက်ရောက်ချိန်တွင် လုံလောက်သော ခွင့်ရက်ရရှိရန် ပါဝင်သော အချက် သုံးချက်အတွက် ဖဲကြိုးစိမ်း လှုပ်ရှားမှုကို လားရှိုးပညာရေးကောလိပ်ရှိ ကျောင်းသား၊ ကျောင်းသူများက ယနေ့ (သြဂုတ်လ ၂၃ ရက်) နံနက်ပိုင်းက လားရှိုးပညာရေးကောလိပ် ကျောင်းဝင်းအတွင်းတွင် ပြုလုပ်ခဲ့သည်။

ဖဲကြိုးစိမ်း ရက်သတ္တပတ်အား ရည်ရွယ်ချက် သုံးရပ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လှုပ်ရှားမှုများအနေဖြင့် ပညာရေးကောလိပ် ကျောင်းသား/ကျောင်းသူများအား ဖဲကြိုးစိမ်း တပ်ဆင်ပေးခြင်း၊ ဖဲကြိုးစိမ်း လှုပ်ရှားမှု ရက်သတ္တပတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။
Eleven Media Group

0 comments:

Post a Comment