Sunday, August 18, 2019

‘ညစ်တွန်း’ဇာတ်ကားမှာ အကမယ်အဖြစ် တွေ့ရမယ့် ထက်ထက်ထွန်း

ဇာတ်ကားရိုက်ကူးရေး ပြီးသည့်အချိန်တိုင်း စက်အဖွဲ့သားများအား မုန့်ဖိုးပေးသည့် အလေ့အထကို အမြဲပြုလုပ်ကြောင်း သရုပ်ဆောင်ထက်ထက်ထွန်းက ပြောသည်။


‘‘အမြဲတမ်း လုပ်ဖြစ်တယ်။ စက်အဖွဲ့သားတွေက ကိုယ်တွေ ထက် ဝင်ငွေရတာနည်းတယ်။ ကိုယ်တွေလည်း အများကြီးရတာ မဟုတ်ပေမယ့် သူတို့တွေ မေတ္တာပို့ပေးတာကိုလည်း သဘောကျလို့၊ ရင်းနှီးမှုလည်း ပိုပြီးရချင်လို့ပါ’’ဟု ထက်ထက်ထွန်းက ပြော သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရိုက်ကူးပြီးစီးခဲ့သည့် ‘အကြင်နာမြစ် ဖျား’ဇာတ်လမ်းတွဲနှင့် ‘သရွီး’ဇာတ်ကားတွင် ပါဝင်ခဲ့သည့် စက်အဖွဲ့သားများကို မုန့်ဖိုးပေးသည့် အကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ် တွင် ရေးသားထားသည်။
‘‘တစ်ခါတလေဆို ကိုယ့်အနုပညာကြေးတောင် မကျန်ဘူး။ တကယ်လို့ အနုပညာကြေးမရဘဲ ရိုက်ပေးရတဲ့ ကားဆိုရင်လည်း စက်အဖွဲ့သားတွေကို တော့ ကိုယ့်ငွေနဲ့ အိတ်စိုက်ပေး တယ်’’ဟု ထက်ထက်ထွန်းက ပြောသည်။
မကြာမီ ရုံတင်ပြသမည့် ‘ကျားကျားကြိုက်ကြိုက်’ ရုပ်ရှင် တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားကြောင်း ၎င်းက ပြောသည်။
‘‘ပြိုင်ပွဲပြိုင်ပြီး သရုပ်ဆောင် အနေနဲ့ ပြန်လုပ်တဲ့အချိန်မှာ ရိုက်ခဲ့တဲ့ ‘ညစ်တွန်း’ ရုံတင်ဖို့ရှိမယ်။ အန်ကယ်လေး (လူမင်း) ဒါရိုက် တာ သရုပ်ဆောင်အနေနဲ့ ရိုက် ထားတာ။ အဲဒီဇာတ်ကားမှာ ထက်က Dancer တစ်ယောက်အနေနဲ့ ပါဝင်ထားတယ်’’ဟု စက်တင်ဘာ အတွင်း ရုံတင်မည့် ‘ညစ်တွန်း’ရုပ်ရှင်နှင့် ပတ်သက်၍ ထက်ထက် ထွန်းက ပြောသည်။
ယင်းရုပ်ရှင်တွင် သရုပ် ဆောင်တစ်ဦးအနေဖြင့် လုပ် ကွက်ရသောကြောင့် ရင်ခုန်နေ ကြောင်း ထက်ထက်ထွန်းက ပြောသည်။
အသစ်တစ်ဦးအနေဖြင့် ယခင်က ရုပ်ရှင်ရိုက်ရန် လာ ရောက်ကမ်းလှမ်းပါက လက်ခံဖြစ်သော်လည်း ယခုနောက်ပိုင်း တွင် ဇာတ်ရုပ်ကို စိစစ်၍ လက်ခံ ရန်ရှိကြောင်း ၎င်းက ဆိုသည်။

7Day

0 comments:

Post a Comment