နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်ခံရသော ဦးလှဆွေ၏ ရန်ကုန် မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နေ အိမ်ကို တိုင်းရဲတပ်ဖွဲ့က စောင့် ကြည့်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဦးလှဆွေ၏ မိသားစုသည် ဒဂုံမြို့သစ်မြောက်ပိုင်း (၄၅)ရပ်ကွက်တွင် နေထိုင်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထို့ကြောင့် တိုင်းရဲတပ်ဖွဲ့နှင့် နယ်မြေခံရဲတပ် ဖွဲ့က စောင့်ကြည့်နေကြောင်း ၎င်းက ဆိုသည်။
‘‘သူ့မိသားစုတော့ရှိတယ်။ သူတော့ မရှိဘူး ဖြစ်နေတယ်။ အဲဒီမှာ သန်းခေါင်စာရင်းနဲ့ နေနေတယ်ပြောတယ်’’ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ပြည်ပသို့ ထွက် ခွာမှုမရှိစေရန် စောင့်ကြည့်နေ ကြောင်း ၎င်းက ဆက်လက်ပြော သည်။ ဦးလှဆွေသည် ရန်ကုန်၊ နေပြည်တော်နှင့် ဂန့်ဂေါမြို့တို့၌ နေအိမ်များရှိပြီး၎င်းကို ဖမ်းဆီးမိ ရေး အမြန်ဆုံးဆောင်ရွက်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများအား ပြောဆိုထားသည်။
ဦးလှဆွေ၏ ဖမ်းဝရမ်းကို အတည်ပြု၍ ဩဂုတ် ၁၄ ရက် တွင် ပြန်လည်တင်သွင်းရန် အ နောက်ပိုင်းခရိုင်တရားရုံးက ချိန်း ဆိုထားသော်လည်း ဂန့်ဂေါမြို့ နယ် ရဲတပ်ဖွဲ့က ထိုနေ့တွင် လာ ရောက်တင်သွင်းခြင်းမရှိပေ။
တိုင်ကြားသူ ဖော်ပြသည့် နေရပ်လိပ်စာအတိုင်း အမှတ် (၁၀) စည်ပင်သာယာရပ် ဂန့်ဂေါ မြို့၊ မကွေးတိုင်းဒေသကြီးသို့ ဖမ်း ဝရမ်းထုတ် ဆင့်ထားရာ ဦးလှ ဆွေသည် ဂန့်ဂေါမြို့တွင် နေထိုင် ခြင်းမရှိ၍ ဖမ်းဝရမ်း ပြန်လည်ပေးပို့ထားကြောင်း ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးလှမောင်က ပြောသည်။
တရားလိုဖြစ်သူ ကျောက် တံတားမြို့နယ် ဒုတိယအထွေ ထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က တရားရုံးရှေ့သို့ လာရောက်၍ ဦးလှဆွေ၏ ဖမ်းဝရမ်းကို ဂန့်ဂေါ မြို့နယ် ရဲတပ်ဖွဲ့က စာတိုက်မှ တစ်ဆင့် ပေးပို့တင်သွင်းထား သည်ဟု ထွက်ဆိုခဲ့ကြောင်း အ နောက်ပိုင်းခရိုင်တရားရုံး ပြန် ကြားရေးအရာရှိ ဒုခရိုင်တရားသူ ကြီး (၃) ဦးမင်းသန့်က ပြောထား သည်။ ထို့ကြောင့် ထုတ်ဆင့်ထား သည့် ဖမ်းဝရမ်းကို ပြန်လည်တင် သွင်းရန် စောင့်ဆိုင်းသည့်အနေ ဖြင့် ဩဂုတ် ၂၈ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဩဂုတ် ၃ ရက်က မဟာ ဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ် သည့် ‘အမေရိကန်နိုင်ငံမှ မြန်မာ့ တပ်မတော် ထိပ်တန်းအရာရှိများ အပေါ် အရေးယူပိတ်ဆို့မှုများ အား ဆန့်ကျင်ရှုတ်ချပွဲ’၌ ဟောပြောသည့် အကြောင်းအရာများ နှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ် ချုပ် ရေးမှူး ဦးမျိုးမြင့်က တရားလို ပြုလုပ်၍ တိုင်တန်းထားခြင်းဖြစ် သည်။
ဦးလှေဆွေကို ပုဒ်မ ၁၂၄-က ဖြင့် အရေးယူပြီး ဩဂုတ် ၇ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
7Day






0 comments:
Post a Comment