
မကွေးတိုင်း မင်းလှမြို့နယ်အတွင်းရှိ ဆပ်ပြာကျေးရွာအနီး အင်ကြင်းတောင်ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီလီမီတက်က တူးဖော်လျက်ရှိသည့်ကျောက်မီးသွေးတွင်း ပြိုကျသဖြင့် အလုပ်သမား ၄ ဦး ပိတ်မိနေ ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့စခန်းထံမှသိရသည်။
သြဂုတ် ၂၅ ရက် ညနေ ၄ နာရီမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ညနေ ငါးနာရီခန့်တွင် ကျောက်မီးသွေးတွင်း ထဲသို့ တောင်ကျရေများ စီးဝင်ကာ မြေပြိုကျခဲ့သဖြင့် မင်းလှမြို့နယ်နေ အသက် ၁၆ နှစ်ရှိ အောင်ချမ်းသာ၊ အသက် ၂၀ နှစ်ရှိ နိုင်ထက်ဦး၊အသက် ၁၉ နှစ်ရှိ စိုးအောင်နှင့်အမ်းမြို့နယ်နေ အသက် ၂၈ နှစ် ပိုင်စိုးဝင်းတို့ ပိတ်မိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစခန်းမှ ဆက်လက်သိရသည်။
လက်ရှိအချိန်ထိ ပိတ်မိနေသူ အလုပ်သမား ၄ ဦးကို ကယ်ထုတ်နိုင်ရန် ကျောက်မီးသွေးတွင်းရှိ ရေများကို ရေ စုပ် စက်ဖြင့် စုပ်ယူလျက်ရှိပြီး လူ ၂၀ ခန့်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
ဒီလှိုင်း
Photo-မျိုးလှိုင်ဝင်း






0 comments:
Post a Comment