Tuesday, August 6, 2019

အချက်အလက်ရှာဖွေရေးမစ်ရှင် အစီရင်ခံစာကို မြန်မာအစိုးရ ပြတ်သားစွာပယ်ချ စီးပွားရေးပိတ်ဆို့အရေးယူမှုများဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဟု မယုံကြည်ကြောင်း ပါဝင်

အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission)၏ နောက်ဆုံးထွက် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်သားစွာ ပယ်ချကြောင်းနှင့် ပြေ လည်အောင် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သော စိန်ခေါ်မှုများကို စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဖြင့် ဖြေရှင်းနိုင်မည်ဟု မယုံကြည်ကြောင်း မြန်မာ အစိုးရက ယမန်နေ့တွင် ထုတ်ပြန်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်း ထားသော မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးမစ်ရှင်သည် ဩဂုတ် ၅ ရက်တွင် ၎င်းတို့၏ နောက်ဆုံး အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြီး ယင်း အစီရင်ခံစာ၌ မြန်မာ့တပ်မတော်ပိုင်စီးပွားရေး လုပ်ငန်းများ၊ ဆက်စပ်နေသော ကုမ္ပဏီများကို အရေး ယူရန်၊
မြန်မာ့တပ်မတော်ကို လက်နက် မရောင်းရန် စသည်ဖြင့် တိုက် တွန်းခဲ့ခြင်းအပေါ် မြန်မာအစိုးရက ယမန်နေ့တွင် တုံ့ပြန်ထုတ်ပြန် ခြင်းဖြစ်သည်။
‘‘လူ့အခွင့်အရေးကောင်စီ အနေဖြင့် အချက်အလက်ရှာဖွေ ရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက် ခြင်းသည် ယင်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်း ဖြစ်ပါသည်။ အချက်အလက် ရှာဖွေရေးမစ်ရှင်ကိုသော်လည်းကောင်း၊ ယင်း၏ အစီအရင်ခံစာ ကိုသော်လည်းကောင်း မိမိတို့အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါ’’ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော် ပြသည်။
အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာသည် မြန်မာ နိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြား စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာ အစိုးရက ရှုမြင်သတ်မှတ်ပြီး ထို ကဲ့သို့သော ဆောင်ရွက်ချက်များ သည် ရခိုင်ပြည်နယ်တွင် လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအ တွက် တစ်စုံတစ်ရာ အထောက် အကူ ဖြစ်စေနိုင်မည်မဟုတ်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြသည်။
‘‘ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှု များကို တရားဥပဒေစိုးမိုးမှုမြှင့် တင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်း ဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားပါသည်’’ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။
ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအတွင်း သဟဇာတ ဖြစ်ရေးကို တည်ဆောက်ပေး ခြင်း၊   ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံ စိတ်ချ၊ သာယာဝပြောသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့က သာ မြန်မာအစိုးရ၏ လတ်တလောဦးစားပေး ရည်မှန်းချက်ဖြစ် သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုများရှိရမည် ဆိုသည်မှာ မြန်မာနိုင်ငံ၏ မူအရ ရပ်တည်ချက်ဖြစ်ပြီး မြန်မာအစိုးရသည် ရခိုင်ပြည်နယ်အရေးကိစ္စ ကို သီးခြားလွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (ICOE)ကို ဖွဲ့စည်းကာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဆောင်ရွက် နေသည်ဟု ထုတ်ပြန်သည်။
မြန်မာ့တပ်မတော်ကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသော လူ့အခွင့် အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးနေပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိ ရေးဆိုင်ရာ ကိုယ်ပိုင်ယန္တရားများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြ သည်။
‘‘ထိုသို့ ပြည်တွင်း၌ဖွဲ့စည်း ဆောင်ရွက်ထားသည့် ယန္တရား များ  ပြီးပြတ်ပြည့်စုံအောင် ဆောင်ရွက်စေခြင်းမပြုဘဲ အခြားယန္တရားများ ဖွဲ့စည်းဆောင်ရွက်ခြင်း ကို မိမိတို့ ဆန့်ကျင်ပါသည်’’ဟု  ထုတ်ပြန်သည်။
မြန်မာအစိုးရသည် ကုလ လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကိုအခြေခံ၍ အချက်အလက်ရှာဖွေ ရေးမစ်ရှင် စတင်ဖွဲ့စည်းသည့် ၂၀၁၇ မတ်လကတည်းက ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ယင်းမစ်ရှင်၏အစီရင်ခံစာကို အသိအမှတ်ပြု မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ၏ ရပ်တည်ချက်ကို ရှင်းလင်း ထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်ဟု ယမန်နေ့တွင် ထပ် လောင်းအသိပေးသည်။

7Day

0 comments:

Post a Comment