Wednesday, August 7, 2019

ရေလှောင်တမံ ၁၆ ခု ရေပိုလွှဲမှ ရေကျော်နေသော်လည်း ရေဘေးအတွက် စိုးရိမ်စရာမဟုတ်ဟုဆို

တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုရှိ ရေလှောင်တမံ ၁၆ ခုတွင် ရေပိုလွှဲမှ ရေကျော်နေပြီး ယင်းအခြေအနေသည် ရေဘေးအတွက် စိုးရိမ်စရာအခြေအနေ မဟုတ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ပြောသည်။

ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးရှိ  မြို့နယ် ၁၆ ခုမှ ရေလှောင်တမံ ၁၆ ခုသည် သြဂုတ် ၇ ရက် တိုင်းတာချက်အရ ရေပိုလွှဲမှ ရေကျော်နေသည်။ ‘‘လက်ရှိ ရေပိုလွှဲ ရေကျော်တဲ့ အဆင့်ကတော့ သာမန်ရေ ကျော်တဲ့အဆင့်ပါ။ ဆည်ထဲကို လည်း ရေထုထည်ပမာဏ ကြီးကြီးမားမား ၀င်လာမယ့် အခြေအ နေလည်း မရှိသေးပါဘူး။ ကျော်ကျတဲ့ ရေကလည်း တမံအောက် ဘက်က ဒေသတွေ ရေကြီးနစ်မြုပ် လောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ အန္တရာယ်မရှိပါဘူး’’ ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့် ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော် မင်းက ပြောသည်။
အမြင့်ဆုံး ရေကျော်မှတ်သည် မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်ရှိ ကြီးအုံကြီးဝ ရေလှောင် တမံဖြစ်ပြီး ရေပိုလွှဲမှ ရေ သုံးပေခန့် ကျော်နေသည်။ ရေလှောင်တမံ အများစုသည် ရေပိုလွှဲအထက် တစ်ပေပင် မပြည့်သေးပေ။ ၂၀၁၅ ရေဘေးကာလက ရေပိုလွှဲအထက် ၁၅ ပေအထိ ကျော်ခဲ့၍ ယခု အခြေအနေသည် စိုးရိမ်စရာ မဟုတ်ကြောင်း ကြီးအုံကြီးဝ ရေ လှောင်တမံမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်နေသော ငဖဲမြို့နယ်ရှိ အိုင်းမရေလှောင်တမံ ကွဲအက်သည် ဟူသော သတင်းအမှားသည် ယမန်နေ့က ထွက်ပေါ်ခဲ့သည်။
‘‘ဆည်အက်တယ်ဆိုတာ ဟုတ်လားလို့ ဖုန်းနဲ့ လှမ်းမေးကြ တယ်။ အိုင်းမဆည်အတွက် စိတ်အေးရပါတယ်။ အဲဒါကြောင့် စိတ်မပူစေချင်ပါဘူး’’ ဟု အိုင်းမဆည် တာဝန်ခံဆည်မြောင်းနှင့် ရေအ သုံးချမှုစီမံခန့်ခွဲရေးဌာန ဦးစီးမှူး ဦးဝင်းဇော်ထွန်းက ပြောသည်။
ယခုနှစ် မိုးတွင်းကာလတွင် ရေလှောင်တမံအများစု၌ ရေသိုလှောင်မှု ပုံမှန်ထက် နည်းပါးနေ၍ဆည်ရေကြောင့် ရေဘေးကြုံတွေ့မည်ကို စိုးရိမ်ရန်မရှိဟု ယူဆကြောင်း စိုက်ပျိုးရေး၊ မွေးမြုရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုး တင့်ထွန်းက ပြောသည်။
လက်ရှိ၌ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသ ကြီးတွင် ရေကြီးနစ်မြုပ်မှု ကြုံတွေ့ နေပြီး လူနှစ်သောင်းကျော် ဘေး လွတ်ရာ ပြောင်းရွှေ့ထားရသည်။ မြစ်ရေကြီးမှုနှင့် နေရာကွက်မိုး ကြီးမှုကြောင့် ရေဘေးကြုံနေရ ခြင်းဖြစ်သည်။
7Day

0 comments:

Post a Comment