
ဟောင်ကောင်မှာ ဇွန်လက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း၊ မနေ့ကတော့ ဟောင်ကောင်နဲ့ နယ်နမိတ်ချင်းကပ်လျက် တရုတ်ဘက်ခြမ်း ရှင်းကျန့်မြို့မှာ ထောင်နဲ့ချီတဲ့ တရုတ် အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေ အင်အားပြ လေ့ကျင့်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေအဖြစ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်တွေဆောင်း၊ မျက်နှာကို အ၀တ်စည်းထားသူတွေကို၊ အင်အား တစ်သောင်းနှစ်ထောင်ရှိတဲ့ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေက ဖြိုခွဲနေတဲ့ အဲဒီလေ့ကျင့်မှု ဗီဒီယိုဖိုင်ဟာ အင်တာနက် အွန်လိုင်းပေါ်ကို ချက်ခြင်းပဲ ရောက်ရှိသွားခဲ့ပါတယ်။
အဲဒီဗီဒီယိုဟာ ဒုတိယမြောက်ဖြစ်ပြီး၊ ရှင်ကျန့်က ရဲတပ်ဖွဲ့အားလုံး အသင့်ရှိနေပြီလို့လည်း ဖော်ပြထားပါတယ်။
ဟောင်ကောင်မှာ ဒီမိုကရေစီပိုမိုရရှိရေး ဆန္ဒပြပွဲတွေပေါ်ပေါ်ပေါက်နေတာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
Photo: STR / AFP
RFA






0 comments:
Post a Comment