
သြဂုတ်၁၅ရက်ကမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏မိုင်းခွဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားခဲ့သောမန္တလေး - နောင်ချို - လားရှိုး လမ်းပိုင်း(ဂုတ်တွင်းတံတား)ကိုယနေ့ဖွင့်လှစ်နိုင်ရေးအတွက်အမြန်ဆုံးဆောင်ရွက်နေကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမှလမ်း/တံတားအင်ဂျင်နီယာများနှင့်ကျွမ်းကျင်လုပ်သား အင်အား၂၀၀ ကျော်ကစက်/ယာဉ် ယန္တရားများဖြင့် လည်းကောင်း ၊OrientalHighwaysBOTကုမ္ပဏီမှအင်ဂျင်နီယာများ ၊စက်/ယာဉ် ယန္တရားများဖြင့် လည်းကောင်းတံတားချဉ်းကပ်လမ်း ခင်းခြင်း လုပ်ငန်းများ နှင့်တံတားသံဘောင် မူလီများကြပ်ခြင်း လုပ်ငန်းများအားနေ့/ည မပြတ် ဆောင်ရွက်လျက် ရှိကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။
တံတားသံဘောင်များ Top Chord & Bottom Chordအပြီးတပ်ဆင်ခြင်း ၊တံတားချဉ်းကပ်လမ်း နှစ်ဘက် ဆောင်ရွက်ခြင်း နှင့်တံတား Load Test အလေးခံနိုင်ဝန်စမ်းသပ် စစ်ဆေးပြီးပါကအိမ်စီးကားများ၊ခရီးသည်တင်ကားများနှင့်ကုန်ကားများ (ယာဉ်+ကုန်=၃၆တန်) ကိုယနေ့ ညနေပိုင်းတွင်စနစ်တကျ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းဆောက်လုပ်ရေ၀န်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။
ဘေလီတံတားတည်ဆောက်တပ်ဆင်ခြင်းကို သြဂုတ် ၁၇ ရက်ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။



သတင်း-နေသွေးဈာန်
ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန






0 comments:
Post a Comment