အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မ တီအစည်းအဝေးကို စက်တင်ဘာ တွင် ကျင်းပမည်ဟု ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
‘‘လာမယ့်လမှာ အချိန် ခြောက်လစေ့ပြီဖြစ်တဲ့အတွက် ပါတီရဲ့ ဗဟိုကော်မတီအစည်းအ ဝေးကို ကျင်းပဖို့လည်း ကျွန်တော် တို့ ဆုံးဖြတ်လိုက်ပါတယ်’’ ဟု ၎င်းကဆိုသည်။
အစည်းအဝေး ကျင်းပမည့် ရက်ကို စက်တင်ဘာ ၁၄၊ ၁၅ အဖြစ် ယာယီသတ်မှတ်ထား သည်ဟု ဒေါက်တာမျိုညွန့်ကဖြည့် စွက်ပြောကြားသည်။
ပါတီဗဟို ကော်မတီအ စည်းအဝေးကို တစ်နှစ်လျှင် နှစ် ကြိမ်ပြုလုပ်သည့် ပါတီ၏အစဉ် အလာအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဒီချုပ်ပါတီလူငယ် ညီလာခံကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဦးကဆိုသည်။
‘‘အသေးစိတ်အစီအစဉ်က တော့သေချာမသိသေးဘူး’’ ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တွင် ဒုတိယအ ကြိမ် ဗဟိုကော်မတီအစည်းအ ဝေးကို ရန်ကုန် မြို့ရှိ ပါတီရုံးချုပ်၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီအဖွဲ့ဝင် ၁၄၃ ဦးရှိ သည့်အနက် ၁၃၀ ဦးနှင့်အတူ အ ရန်ဗဟိုကော်မတီဝင်များ၊ ပြည် နယ်၊ တိုင်းအလုပ်အမှုဆောင်အ ဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်၊ တိုင်း အစိုးရ ၀န်ကြီးချုပ်များနှင့် ပြည် နယ်နှင့်တိုင်း လွှတ်တော်ဥက္ကဋ္ဌ များ တက်ရောက်ပြီး ဆုံးဖြတ်ချက်ခြောက်ခုနှင့် ရှေ့လုပ်ငန်းစဉ်ငါး ရပ်ချမှတ်ခဲ့သည်။
ပါတီဝင်များကို စွမ်းရည်မြှင့် ရန်၊ ပါတီစည်းရုံးရေး ခရီးစရိတ် နှင့် နေ့တွက်စရိတ်များပေးရန်၊ ဗ ဟိုကော်မတီဝင်များက နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင်တာ ၀န်ယူရန်၊ သိမ်းဆည်းခံလယ်ယာ မြေ အရေးဆောင်ရွက်ရန်၊ တိုင်း နှင့် ပြည်နယ်များသို့ ကွင်းဆင်း ရန်၊ တိုင်းရင်းသားရေးရာလုပ် ငန်းအဖွဲ့ဖွဲ့ရန် ဆုံးဖြတ်ခဲ့သည်။
ရှေ့လုပ်ငန်းစဉ်များအဖြစ် အခြေခံဥပဒေပြင်ဆင်ရေး၊ အ မျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒ ရယ် ပြည်ထောင်စုပေါ်ထွန်းရေး၊ ပါတီဝင်များညီညွတ်ရေးနှင့် ပူး ပေါင်းဆောင်ရွက်ရေး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင် နိုင်ရေးတို့ ထည့်သွင်းချမှတ်ခဲ့ သည်။ တတိယအကြိမ်ကျင်းပမည့် ယခုအစည်းအဝေးကို မည်သည့် နေရာ၌ ကျင်းပမည်ကို အတည် မပြုနိုင်သေးပေ။ ၂၀၁၈ က ပြု လုပ်သည့် ဒီချုပ်ပါတီ ဒုတိယအ ကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံကို မူ ရန်ကုန်မြို့ရှိ MCC ခန်းမ၌ ပြု လုပ်ခဲ့သည်။
7Day






0 comments:
Post a Comment