
ကျောင်းသားများဆန္ဒပြ ရာတွင် လုပ်ထုံးလုပ်နည်းနှင့် အညီ မတင်ပြပါက တရားစွဲခံရ မည်ဟူသည့် ပညာရေးဝန်ကြီး ဌာန အဆင့်မြင့်ပညာဦးစီးဌာန၏ သြဂုတ် ၁၃ ရက် အသိပေးစာကို ယင်းဌာနက ပြန်လည်ပယ်ဖျက်သည်။
မူလအသိပေးစာကို ကန့် ကွက်ရှုတ်ချကြောင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများကိုယ်စားပြု ကော်မတီတို့က သဘောထား ကြေညာချက်များ ထုတ်သည့်အ ပြင် ပညာရေးအသိုင်းအ၀ိုင်းက လည်း ဝေဖန်မှုများရှိခဲ့ပြီးနောက် ပြန်လည် ပယ်ဖျက်ကြောင်း သြဂုတ် ၁၇ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။
‘‘အများဆန္ဒအရ အများသ ဘောမတူဘူးဆိုရင် ပြန်ပြီး ရုပ် သိမ်းရတာရှိတာပေါ့။ အဲဒါ ကြောင့်ပါ’’ဟု ဒေါက်တာသိန်း ၀င်းက ပြောသည်။
ငြိမ်းစုစီဥပဒေသည် နိုင်ငံ သားတိုင်းတွင် ရှိရမည့် လွတ်လပ် စွာစုရုံးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်စသော ဒီမိုက ရေစီအခြေခံအခွင့်အရေးများကို ဖိနှိပ်ကန့်သတ်ထားသည့်ဥပဒေ ဖြစ်ပြီး ယင်းဥပဒေသြဇာခံ အ ဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန် ကြားစာကို အပြင်းအထန်ကန့် ကွက်ရှုတ်ချသည်ဟု ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ကြေညာချက်တွင် ရေး သားထားသည်။
‘‘လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်တို့၊ လွတ်လပ်စွာပြော ဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ကြွေးကြော်ခွင့်ဆို တဲ့ ဒီမိုကရေစီအခြေခံစံတွေကို တောင်မှ လွတ်လပ်ခွင့်မပေးနိုင် ဘူးဆိုရင် စနစ်တစ်ခုဟာ ဘယ် လိုမှ ကောင်းလာမှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီဥပဒေတွေကို လက်မခံတဲ့အတွက် အရင်တုန်း ကလည်း မတင်ခဲ့ဘူး။ ဒီဥပဒေကို လက်ခံပါဆိုပြီး ဥပဒေအရမဟုတ် ဘဲ ကျောင်းအုပ်ချုပ်ရေးကို ကျောင်းသားတွေကို ပြောလိုက် ပါဆိုပြီး ဖိအားပေးတယ်ဆိုတော့ ပိုပြီးတော့တောင် လက်သင့်ခံဖို့ မကောင်းသေးတဲ့ဟာမျိုး ဖြစ် တယ်’’ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုညီဇော်က ပြောသည်။
7Day






0 comments:
Post a Comment