Monday, August 19, 2019

လွှတ်တော်တွင် အခွင့်အရေး ချိုးဖောက်ခံနေရဟုပြောသော ဒီချုပ်အမတ်ကို နာယကသတိပေး

အစိုးရအဖွဲ့အနေ ဖြင့် ဌာနဆိုင်ရာများကို ကိုင်တွယ် ရာတွင် မနိုင်မနင်းဖြစ်နေသည်ကို တွေ့ရှိရပြီး လွှတ်တော်က ဝိုင်းကူ ပေးရန် လိုအပ်နေကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုယ်စားပြု၍ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)မှ ရွေးကောက်ခံထားရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက ယမန်နေ့ ပြည် ထောင်စုလွှတ်တော်တွင် ဆွေး နွေးသည်။

ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးက ပေးပို့သော ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများ နှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။  
ယင်းအစီရင်ခံစာတွင် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများအနေဖြင့် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း များ၊ လုပ်ထုံးလုပ်နည်းများ ညွှန်ကြားချက်များအပေါ် လိုက်နာမှုအားနည်းခြင်းများ၊ စည်းကမ်းစည်းမျဉ်း မကျနမှု၊ ငွေကြေးအလွဲသုံးစားမှုများ၊ လေလွင့်ဆုံးရှုံးမှုများအပေါ် ထောက်ပြသည့်အ ချက်များကို အဓိကတွေ့ရ ကြောင်း၊ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိခြင်း စသည်တို့ကိုလည်း ထောက်ပြထား ကြောင်း ၎င်းက ဆွေးနွေးသည်။
‘‘အဓိက ဆွေးနွေးချင်တာက အစီရင်ခံစာမှာ ဒီလောက် ထောက်ပြတာက ဘာကို ပြသလဲဆိုတော့ အစိုးရအဖွဲ့က ဌာနဆိုင် ရာတွေကို ကိုင်တွယ်တဲ့အချိန်မှာ မနိုင်မနင်းဖြစ်တာကို အဓိကတွေ့ ရှိရပါတယ်။ ဗျူရိုကရေစီစနစ် ကြီးကို ရထားခေါင်းက ဆွဲတဲ့ အချိန်မှာ သိပ်မဆွဲနိုင်တာကို အဓိကတွေ့ရပါတယ်။ အဲဒီမှာဘာလိုအပ်သလဲဆိုရင် လွှတ်တော်က ၀ိုင်းဆွဲပေးဖို့လိုတယ်ဆို တာ တင်ပြချင်ပါတယ်။ လွှတ်တော်အခန်းကဏ္ဍကို မြှင့်ဖို့လို တယ်။ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်ဖို့လိုတယ်။ ကော်မတီတွေရဲ့ အခန်းကဏ္ဍကိုမြှင့်ဖို့လိုတယ်။ လွှတ်တော်ကို ဖိနှိပ်တာကို မလုပ်သင့်ပါဘူး။ လွှတ်တော်ရဲ့ Right တွေကိုလည်း မြှင့်တင်ဖို့ လိုပါတယ်ဆိုတာကို တင်ပြချင်ပါတယ်’’ဟု ဦးဇုန်လှယ် ထန်းက ဆွေးနွေးသည်။
ယင်းသို့ လွှတ်တော်၏ အ ခန်းကဏ္ဍကို မြှင့်တင်မှ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် ရန်   ဗျူရိုကရေစီယန္တရားကို ဝိုင်းဝန်းဆွဲနိုင်မည်ဖြစ်ကြောင်းနှင့်  လက်ရှိတွင် လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၏ အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း ဦးဇုန်လှယ်ထန်း၏ ဆွေးနွေးချက်အ ပေါ် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဆွေးနွေးသည့် အကြောင်းအရာနှင့် သက်ဆိုင်သည်များသာ   အဓိကထား ဆွေးနွေးရန် သတိပေးသည်။
7Day

0 comments:

Post a Comment