Sunday, August 4, 2019

သာမန်မြန်မာနိုင်ငံကူးလက်မှတ်များနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထား

Image may contain: text
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ သာမန်မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနစိတ်တွင် DEO စလစ်နံပါတ် THA_19_11380 ထိ နံပါတ်များ ကျလာသဖြင့် ပတ်စ်ပို့ စာအုပ် ထုတ်ယူလိုသူများသည် မိမိတို့၏ DEO နံပါတ်များ ပါရှိလာခြင်း ရှိ/ မရှိ နှင့် ဒဏ်ကြေး ပေးဆောင်ရန် ရှိ/ မရှိ တို့အား Call Centre ဖုန်း ၀၉၄၆၇၄၆၈၅၅ နှင့် ၀၉၄၆၇၅၀၅၂၃ များသို့ နံနက် ၀၈:၄၅ နာရီ မှ ညနေ ၄ နာရီ ရုံးချိန် အတွင်း ဆက်သွယ် မေးမြန်း၍ သော်လည်းကောင်း၊ လူကိုယ်တိုင် လာရောက် မေးမြန်း၍ သော်လည်းကောင်း ဦးစွာ ကြိုတင် မေးမြန်း စုံစမ်းရန်လိုအပ်ပါသည်။

ယခင်က Passport စာအုပ်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း လုပ်ငန်းစဉ်အတွက် အချိန်နှစ်လခန့်ကြာမြင့်ခဲ့သော်လည်း ယခုအခါ သာမန်မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနစိတ်အနေဖြင့် ယခင်ကထက် ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ပေးလျှက်ရှိသဖြင့် လျှောက်ထားသည့်ရက်မှ တစ်လခန့်ကြာမြင့်သည့်အချိန်တွင် မိမိစာအုပ်ထုတ်ယူနိုင်ခြင်း ရှိ/မရှိကို စုံစမ်းမေးမြန်နိုင်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။
Credit
The Ladies News

0 comments:

Post a Comment