
ဂန့်ဂေါမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီလူမျိုးများနှင့် ပို့ဆောင်ပေးသူတို့အား အရေးယူထားကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၆ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့မ ရဲစခန်းမှ ဒုရဲအုပ် အောင်ဟိန်းကိုကို ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ် (၅၀)ခြေလျင်တပ်ရင်းလမ်းဆုံ၊ ဂန့်ဂေါ-ကလေး-ပုလဲ ကားလမ်းမပေါ်တွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှု များ ပြုလုပ်နေစဉ် ကလေးမြို့ဘက်မှ ဂန့်ဂေါ-ပုလဲမြို့ဘက်သို့ မောင်းနှင် လာသော ယာဉ်အမှတ် GG/3798 NISSAN AD အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း ကချင်ပြည်နယ်၊ ၀ိုင်းမှော်မြို့နေ ဦးတေကနတ်နှင့် အထောက်ထားမဲ့ ခိုးဝင်ဘင်္ဂါလီလူမျိုးများဖြစ်သည့် ရခိုင် ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာနေ မိုဟာမတ်ရာဟာရ(ခ)ဂျာရခန် ပါ(၄)ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အား ဆက်လက်စစ်ဆေးရာ လွန်ခဲ့သော(၂)နှစ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တစ်ဆင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ကျဘမ်းအလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော(၁)လခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့သို့ သွားရောက်နေထိုင်ခဲ့ကြောင်းနှင့် ထိုမှတစ်ဆင့် မန္တလေးမြို့ သို့ တစ်ဦးလျှင် (၁)သိန်း(၂)သောင်းကျပ်နှုန်း ဖြင့် ယာဉ်မောင်း ဦးတေကနတ် မောင်းနှင်သော ယာဉ်ဖြင့် သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် စတင်ထွက်ခွါလာကြောင်း သိရ သည်။
အထောက်ထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ(၄)ဦးတို့အား ဂန့်ဂေါမြို့မရဲစခန်း (ပ) ၉၀၂/၂၀၁၉၊ မြန်မာနိုင်ငံသားမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/၆(၃)တို့ဖြင့် လည်းကောင်း၊ တရားမ၀င် ဘင်္ဂါလီလူမျိုးများအား သယ်ဆောင်လာသူ ယာဉ်မောင်း ဦးတေကနတ်အား ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News






0 comments:
Post a Comment