
လူပျိုဟုလိမ်လည်ပေါင်းသင်းခဲ့သူကို သတ်ဖြတ်ခဲ့သည့်မလင်းလင်းခိုင်အနေဖြင့် လူသတ်ပြီးတဲ့နောက် ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့ခြင်းမဟုတ်ဘဲ အမှုဖြစ်ပြီးနောက် ၁၃ ရက်ကြာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်ရဲ့စခန်းက တာဝန်ရှိသူက တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်းသိရသည်။
လူပျိုဟုဆိုကာ လိမ်လည်ပေါင်းသင်းခဲ့သည့်အတွက် ၄င်းအမျိုးသားကို တည်ခိုခန်းတွင် သတ်ခဲ့သည်ဆိုသည့် မလင်းလင်းခိုင်အမှုတွင် တရားလို ပြသက်သေအဖြစ် စခန်းတာဝန်ရှိသူက ယနေ့ ရုံးချိန်းတွင် အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
အမှုဖြစ်ပြီးသည့်နောက် မလင်းလင်းခိုင်က ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ရဲတပ်ဖွဲ့ထံလာရောက် အဖမ်းခံခဲ့ခြင်းကို သိပါသလားဟု တရားခံရှေ့နေက မေးမြန်းရာတွင် စခန်းတာဝန်ရှိသူက မဟုတ်ကြောင်း ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့စစ်ဆေးမှုတွင် အခင်းဖြစ်ပွားစဉ်က သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများ၊CCTV မှတ်တမ်းများအား ရုံးတော်သို့ သက်သေခံအနေနှင့် တင်သွင်းခဲ့သည်။
တရားခံအဖြစ်တရားစွဲခံထားရသူ မလင်းလင်းခိုင်သည် သေဆုံးမှုနဲ့ ပတ်သက်၍ တရားဥပဒေအရဆောင်ရွက် နိုင်ရန် တရားရုံးများနှင့် ရဲစခန်းများသို့ အဆင့်ဆင့်တိုင်ကြားဆောင်ရွက်ခဲ့ခြင်းအား သိပါသလားဟု ဆက်လက် မေးမြန်းရာ မသိပါလို့ ပြန်လည်ဖြေကြားခဲ့ကြားသိရသည်။
ယနေ့စစ်ဆေးသည့် လိုပြသက်သေသည် နောက်ဆုံးဖြစ်သော်လည်း အမှုမှာ သက်သေများ ထပ်မံစစ်ဆေးရန် လိုအပ်သောကြောင့် လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေ ၂ ဦးကို ဆက်လက် စစ်ဆေးသွားမည်ဖြစ် ကြောင်း တရားသူကြီးကပြောသည်။
နောက်လာမည့် ရုံးချိန်းအား သြဂုတ်လ ၁၆ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပြီး ကျန်ရှိသက်သေ ၂ ဦးကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
မလင်းလင်းခိုင်သည် အွန်လိုင်း မှအမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး အဲဒီအမျိုးသားဟာ လူပျိုဆိုကာ လိမ်လည် ပေါင်းသင်းခဲ့သည့် အပြင် မြဝတီမြို့ကို ခေါ်ပြီး ပစ်ထားခဲ့တာကြောင့် နာကျဉ်းကာ ရန်ကုန်ကို ချိန်းဆိုပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။
စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာတွင် မလင်းလင်းခိုင်သည် မိသားစုကို ဆက်သွယ်ချိန်၌ မိသားစုဝင်များ၏ အိမ်နီးချင်းတစ်ဦးဖြစ်သည့် မအိသဇင်ထွန်းက ရဲစခန်းတွင် အဖမ်းခံရန် ဖျောင်းဖျပြောဆိုပေးခဲ့သည့်အတွက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နေခြံရံ
Photo - Credit






0 comments:
Post a Comment