ပြီးခဲ့တဲ့ ၁၀၀၀ ကျပ်တန် ထီဆုများတွင် ထည့်သွင်းချီးမြှင့်ခဲ့သော ကျပ်သိန်း ၂၅၀၀ ကို အပိုဆုအဖြစ် လစဉ် ထည့်သွင်းချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။
ထိုဆုကို ဝေဝေဆာဆာထီဆုမဲများအတွင်း ထည့်သွင်းချီးမြှင့်လျက်ရှိပြီး လစဉ်ဆက်လက်၍ လာရောက်ထုတ်ယူခြင်းမရှိသည့် ထီဆုမဲများအတွင်းမှ ပြန်လည်ချီးမြှင့်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။
“ဒီလလည်း ထပ်ထည့်မယ်။ တောက်လျှောက်ထည့်ပေးမယ်။ ဒီနှစ်ထဲရယ်မဟုတ်ဘူး။ တောက်လျှောက်ထည့် သွားပေးမယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောဆိုသည်။
ကျပ် ၁၀၀၀ တန်ထီ၏ ၅ ကြိမ်မြောက်နှင့် ၆ ကြိမ်မြောက်တို့တွင် ဖွင့်လှစ်မည့်အကြိမ်တွင် အပိုဆုမဲ ကျပ်သိန်း ၂၅၀၀ ကို ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်းဆုတွင် ၂၀ ဆု၊ ကျပ် ၂ သိန်းဆုတွင် ၂၀၀ ဆု၊ ကျပ် ၁ သိန်းဆုတွင် ၂၀၀၀ ဆုနှင့် ကျပ် ၁၀ သိန်းတွင် ၄ ဆုဟူ၍ စုစုပေါင်း ဆုပေါင်း ၂၂၂၄ ဆု ခွဲဝေထည့်သွင်းချီးမြှင့်ခဲ့သည်။
စက်တင်ဘာလ ၁ ရက်နေ့မှာထွက်မည့် ၇ ကြိမ်မြောက် အောင်ဘာလေထီ ဖွင့်ပွဲအတွက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အက္ခရာ ၃၇ လုံးထုတ်ရောင်းပေးထားကြောင်း ယင်းဌာနထံမှ သိရသည်။
လတ်တလော ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ လာမထုတ်သည့် ထီဆုမဲသည် တစ်လလျှင် ကျပ်သန်း ၇၀၀ မှ တစ်ဘီလီယံကြားရှိကြောင်း ယင်းဌာနထံမှ သိရသည်။
The Voice






0 comments:
Post a Comment