Tuesday, August 20, 2019

ရတနာ့ဂူဘုရားပွဲတွင် တရားမဝင်ယာဉ်အပ်နှံလုပ်ငန်း လုပ်ကိုင်ပါက ကျပ်သိန်း ၂၀ ဒဏ်ရိုက်မည်

YadanarGu 1

မန္တလေးတိုင်း၊ အမရပူရမြို့က သမိုင်းဝင် ရတနာ့ဂူဘုရားပွဲကြီးနဲ့ သာသနာပြု ပုပ္ပါးမယ်တော်ကြီးနတ်ပွဲမှာ တရားမဝင် ယာဉ်အပ်နှံတာတွေ လုပ်ကိုင်ပါက ဒဏ်ငွေ ကျပ် သိန်း၂၀ ရိုက်မှာ ဖြစ်တယ်လို့ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီက တရားဝင်ထုတ်ပြန်ထားပါတယ်။

တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက “တင်ဒါဆွဲတဲ့လူတွေ မနစ်နာအောင်လို့ သတ်မှတ်လိုက်တာပါ။ တချို့ အိမ်ရှင်တွေက အလွယ်တကူ ပွဲတော်ရက်မှာ လက်ခံတာတွေ ဘာညာရှိတော့လေ ကုန်ကျစရိတ်နဲ့ မကာမိမှာ စိုးလို့ပါ။ ပွဲတော်ရက်မှာလည်း စိစစ်မှုတွေ လုပ်သွားပါမယ်။ ကျနော်တို့ နှစ်စဉ်ကျင်းပနေတဲ့ အမရပူရမြို့နယ် ရတနာ့ဂူ ဘုရားပွဲတော်ရက်အတွင်းမှာ ခွင့်ပြုချက်မရဘဲ တရားမဝင်ယာဉ် အပ်နှံရေး စတန်းများ ဖွင့်လှစ်ခဲ့ပါက ဒဏ်ငွေကျပ်သိန်း ၂၀ ပေးဆောင်ရမှာ ဖြစ်တယ်”လို့ ပြောပါတယ်။

0 comments:

Post a Comment