Friday, August 2, 2019

ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၁၈ ခုတို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထား

Image may contain: 1 person, smiling, standing
ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း ၁၈ ခုတို့တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များဖွဲ့စည်းပြီး ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှအတွင်းရေးမှူး ဦးစန်းဝင်းကပြောသည်။
နေပြည်တော်ရှိ Kempinski Hotel တွင် သြဂုတ်လ ၁ ရက်ကကျင်းပသော ကမ္ဘာ့ဘဏ်၏နည်းပညာ အကူအညီဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာယန္တရားအသုံးပြုနည်းသင်တန်းတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။ 
“လက်ရှိတွင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်း(၁၈)ခုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကိုဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းမှာကမ္ဘာ့ဘဏ်အုပ်စု၏ နည်းပညာအကူအညီဖြင့် ICT နည်းပညာကို အခြေခံ ရေးဆွဲထားသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ Proactive Beneficiary Engagement (PBE) ယန္တရားတစ်ခုကို CPU Toolkit အဖြစ်အသုံးပြုနိုင်ရန် ပို့ချပေးသည့် နည်းပညာဆိုင်ရာသင်တန်း ဖြစ်ပါကြောင်း” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှအတွင်းရေးမှူး ဦးစန်းဝင်းကပြောသည်။
အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံဆိုင်ရာရုံး၏ ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင်ပညာရှင်များက ICT နည်းပညာကို အခြေခံရေးဆွဲထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ Proactive Beneficiary Engagement Mechanism ကိုအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လက်သုံးကိရိယာအဖြစ် အသုံးပြုနိုင်ရေး လက်တွေ့အသုံးပြုနည်းကိုရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဖွဲ့စည်းထားသော ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း(၁၈)ခုနှင့် ကော်မရှင်ရုံးမှ သင်တန်းသားစုစုပေါင်း (၈၃)ဦးတက်ရောက်ခဲ့သည်။
Image may contain: one or more people, wedding, table and indoor
Image may contain: 1 person, standing, wedding and indoor
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

0 comments:

Post a Comment