ပြင်သစ်နိုင်ငံ ပါရီမြို့က မီးဘေးသင့်ခဲ့တဲ့ နော်ထရီဒမ်း ဘုရားကျောင်းကြီး တည်ဆောက်ရေးလုပ်ငန်းတွေကို သြဂုတ် ၁၉ ရက်နေ့မှာ ပြန်စခဲ့ပါတယ်။
ခဲဆိပ်သင့်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဘုရားကျောင်း တည်ဆောက်ရေးကို ခေတ္တဆိုင်းငံ့ထားတာပါ။
ဘုရားကျောင်းထဲ ပြိုကျမယ့်အန္တရာယ် ရှိတာမို့ ခိုင်ခံ့ရေးလုပ်ငန်းဟာ အလွန်အရေးကြီးတယ်လို့ ပြင်သစ်ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။
ဇူလိုင်လအတွင်း အပူချိန်ဟာ ၄၂ ဒသမ ၆ အထိ ရောက်ပြီးနောက်မှာ လောလောလတ်လတ် စီထားတဲ့ ကျောက်တုံးတွေ ပြိုကျခဲ့ပါတယ်။
အဲဒီနောက် မူလတန်းကျောင်းတွေ အပါအဝင် လေထုထဲနဲ့ အနီးဝန်းကျင်တွေမှာ ခဲဆိပ်ပမာဏ မြင့်မားတာကို သိရှိခဲ့ပါတယ်။
ကလေးတဦး ခဲဆိပ်သင့်တာကို သိရှိပြီးနောက်မှာတော့ ဇူလိုင် ၂၅ ရက်နေ့က ဘုရားကျောင်း တည်ဆောက်ရေးလုပ်ငန်းကို ခေတ္တဆိုင်းငံ့ခဲ့ပါတယ်။
အခုအခါမှာတော့ ညစ်ညမ်းမှုတိုက်ဖျက်ရေး အဖွဲ့တွေကို အသုံးပြုပြီး ဘုရားကျောင်းအတွင်း ခဲဆိပ်သန့်စင်ရေး လုပ်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေးလုပ်သားတွေကိုလည်း ခဲဆိပ်အန္တရာယ် သတိပေးသင်တန်းတွေ ပို့ချပြီး သူတို့သွေးအတွင်း ပါဝင်တဲ့ ခဲဓာတ်ပမာဏကို ပုံမှန်စစ်ဆေးသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
DVB






0 comments:
Post a Comment