Wednesday, August 21, 2019

မြန်မာ့စီးပွားရေးဦးပိုင်၏ မီတာတင်ဒါ ပယ်ချရသည့်အကြောင်း ၀န်ကြီးဌာနဖွင့်ချ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မီတာဝယ်ရန် တင်ဒါခေါ်ရာတွင် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီများက တင်ဒါစိစစ်ရွေးချယ်မှုအပေါ် ၀င်ရောက်စွက်ဖက်ခြင်း၊ လွှမ်းမိုးခြင်းနှင့်  မလျော်သြဇာသုံး ဆောင်ရွက်လိုခြင်းများ ပြုလုပ်သဖြင့် တင်ဒါပယ်ဖျက်ခြင်း လုပ်ဆောင်ခဲ့ကြောင်း ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်သို့ ရှင်းလင်းသည်။

၂၀၁၇-၁၈ ဘတ်ဂျက်နှင့် ပတ်သက်ပြီး ပြည်ထောင်စုစာ ရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိ ချက် အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး ၀န်ကြီးဌာနက သြဂုတ် ၂၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်၌ ပြန်လည်ရှင်းလင်းရာ တွင် ကုမ္ပဏီများ၏ ဆောင်ရွက် ချက်ကြောင့် တင်ဒါပယ်ဖျက်ခဲ့ရ သည့် ဖြစ်စဉ်တစ်ခုကို အသေး စိတ်ရှင်းပြခဲ့သည်။
၂၀၁၇ က ခေါ်ယူခဲ့သည့် မီတာတင်ဒါတစ်ခုတွင် ယှဉ်ပြိုင်သူ ခြောက်ဦးအနက် ကုမ္ပဏီနှစ်ခုက နည်းပညာပိုင်းဆိုင်ရာ အောင် မြင်ခဲ့၍ ယင်းကုမ္ပဏီနှစ်ခု၏ ဈေးနှုန်းကို ယှဉ်ပြိုင်သူအားလုံးရှေ့၌ ဖွင့်ဖောက်ရာ အယ်ဖာပါဝါအ မည်ရှိ ကုမ္ပဏီက ကျပ် ၈ ဒသမ ၁ဘီလီယံခန့်ဖြစ်ပြီး မြန်မာ့စီးပွား ရေး ဦးပိုင်၏ဈေးနှုန်းသည် ၁၃ဒသမ ၄ ဘီလီယံခန့် ဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောသည်။ထိုအခါ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အမည်ဖြင့် ၀င်ပြိုင်သည့် ကုမ္ပဏီက ယှဉ်ပြိုင်ဘက်ထက် ဈေးနှုန်း ကျပ် ၅,၃၄၃ သန်းပိုများနေ၍ တင်ဒါရှုံးသည်ကို သဘောပေါက်သွားပြီး ပြည်ထောင်စုဝန်ကြီးထံသို့ ကုမ္ပဏီတစ်ခု၏အမည်ဖြင့် အဆိုပါတင်ဒါကို ပြန်လည်စိစစ်ပေးရန် ကန့်ကွက်စာပေးပို့ခဲ့ကြောင်း၊ အဆိုပါ ကန့်ကွက်စာပေးပို့မှုအပေါ် အယ် ဖာပါဝါကုမ္ပဏီက ပြည်ထောင်စု ၀န်ကြီးထံသို့ ယှဉ်ပြိုင်မှုရလဒ် အတိုင်းအတည်ပြုပေးရန် ပေးပို့ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က ၎င်းတို့၏မီတာများ ကို ဦးစားပေးရွေးချယ်ပေးရန် ပြည်ထောင်စုဝန်ကြီးထံ ထပ်မံအ ကြောင်းကြားလာကြောင်း ဒုဝန်ကြီးက လွှတ်တော်သို့ အသေးစိတ် ရှင်းလင်းတင်ပြသည်။
တင်ဒါစိစစ်ရွေးချယ်ရေး စည်းကမ်းအပိုဒ် (၆) တွင် တင်ဒါပေးသွင်းသူသည် မိမိတင်ဒါအောင်မြင်ရန် အစိုးရအရာရှိများ ထံမှ လည်းကောင်း၊ သြဇာတိက္က မရှိသော ပုဂ္ဂိုလ်များထံမှ အကူအညီရယူရန် ကြိုးစားလျှင် တင်ဒါကို ပယ်ဖျက်မည်ဟု ပါရှိကြောင်း၊ တင်ဒါဈေးနှုန်း ဖွင့်ဖောက်ပြီး နောက် ကုမ္ပဏီအသီးသီးက ပြည် ထောင်စုဝန်ကြီးထံ ၎င်းတို့၏ တင်ဒါအား ရွေးချယ်ရန် အကြိမ်ကြိမ် တင်ပြခဲ့ကြကြောင်း၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက တင်ဒါကို နည်းပညာပိုင်းဆိုင်ရာ နှင့် ဈေးနှုန်းစိစစ်ချက်များ ဆောင် ရွက်နေချိန် ကာလအတွင်း ၀န်ကြီး ဌာန၏တင်ဒါစိစစ်အတည်ပြုရေး ကော်မတီက ထိုတင်ဒါကို စိစစ် ခြင်း၊ အတည်ပြုခြင်း မဆောင်ရွက်ရသေးမီတွင် ကုမ္ပဏီများ က အပြန်ပြန်အလှန်လှန် တိုင် ကြား ဆောင်ရွက်နေမှုများသည် ၀န်ကြီးဌာန၏ တင်ဒါစိစစ်ရွေး ချယ်မှုအား ၀င်ရောက်စွက်ဖက် လိုခြင်း၊ လွှမ်းမိုးလိုခြင်း၊ မလျော် သြဇာသုံးဆောင်ရွက်လိုခြင်းများရှိသည်ဟု သုံးသပ်ရကြောင်း၊ သို့ ဖြစ်၍ တင်ဒါကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။
‘‘မီတာ တင်ဒါတွေကို အကြိမ်ကြိမ်ဝယ်ယူရန် ဆောင်ရွက် ခဲ့သော်လည်း ၀ယ်ယူရရှိမှု မဖြစ်ခဲ့ တဲ့အခါမှာ  တိုင်းနဲ့ ပြည်နယ်အနှံ့ မှာ ပြည်သူတွေအတွက် လျှပ်စစ် မီးကို ရရှိဖို့ အဆင်သင့်ဖြစ်နေ သော်လည်း မီတာတပ်ခွင့်မရတဲ့အခါမှာ လွှတ်တော်ကိုယ်စား လှယ်အများအပြားက မီတာအ မြန်ရအောင် ဆောင်ရွက်ပေးပါ ဆိုပြီး ကျွန်တော့်ကို လွှတ်တော်အ စည်းအဝေးတွေ လာတက်တဲ့အခါတိုင်းမှာ အကြိမ်ကြိမ် ဆွေးနွေးခဲ့ ကြတာ လွှတ်တော်ကိုယ်စားလှယ် ကြီးများ အားလုံးလည်းတွေ့ကြုံခဲ့ ရပြီးသား ဖြစ်မှာဖြစ်ပါတယ်’’ ဟု ဒေါက်တာထွန်းနိုင်က ဆွေးနွေး သည်။ ၀န်ကြီးဌာနဆောင်ရွက်မှု သည် တိုင်းပြည်အကျိုးသာ ရှေးရှုဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီတစ်ခု တည်းက သာလျှင် ခေါ်ဆိုသမျှ တင်ဒါများကို အစဉ်တစိုက် အောင်မြင်နေခြင်း မဟုတ်သည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း ၎င်းက လွှတ်တော်သို့ ပြောသည်။
‘‘၂၀၁၆ မတိုင်မီက တပ်ဆင်ခဲ့တဲ့ မီတာများထက် ပို၍ အရည်အ သွေးမြင့်မားတဲ့ မီတာတွေကို ယခင်က ဈေးနှုန်းထက် ၅၀ ရာ ခိုင်နှုန်းခန့်သာရှိသော ဈေးနှုန်း များဖြင့် ၀ယ်ယူနိုင်ခဲ့ကြောင်းကို သုံးသပ်တွေ့ရှိရမှာဖြစ်ပြီး နိုင်ငံ့ ဘဏ္ဍာငွေများစွာ သက်သာစေခဲ့ ကြောင်းလည်း တွေ့ရမှာဖြစ်ပါ တယ်’’ ဟု ဒေါက်တာထွန်းနိုင်က ပြောသည်။
မီတာတင်ဒါရွေးချယ်မှုနှင့် ပတ်သက်ပြီး နည်းပညာပိုင်းဆိုင်ရာ အောင်မြင်သူများအနက်မှ ဈေးနှုန်းအနည်းဆုံးသူကိုသာ ရွေးချယ်ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွန်းနိုင်က အတည်ပြုပြောဆို သည်။ ယင်းနှင့်စပ်လျဉ်း၍ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်ထံမှ မှတ်ချက်တစ်စုံတစ်ရာရရှိခြင်းမရှိသေးပေ။
အမည်မဖော်လိုသူတစ်ဦး က ၂၀၁၈ အတွင်း ၀န်ကြီးဌာနက ခေါ်ယူခဲ့သည့် အလိုအလျောက် မီတာဖတ်သည့် စနစ် (AMR) တင်ဒါနှင့် ပတ်သက်၍ ပြည်သူ့လွှတ် တော်ကို တိုင်တန်းထားကြောင်း 7 Day Daily အား ပြောထားသည်။ ထို့နောက် ဇူလိုင် ပထမပတ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နှင့် ဒုတိယ၀န်ကြီး ဦးထွန်းနိုင် တို့ကို စစ်ဆေးနေကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အတည်ပြုထားသော် လည်း စစ်ဆေးတွေ့ရှိမှုအခြေအ နေနှင့်ပတ်သက်၍ ယမန်နေ့ ညနေ အထိ အတည်မပြုနိုင်သေးပေ။
7Day

0 comments:

Post a Comment