
အိန္ဒိယအစိုးရဟာ ကက်ရှ်မီးယားဒေသကို လုံခြုံရေးတင်းကြပ်ထားတဲ့ ကြားက အခုလ(၁၅)ရက်နေ့မှာကျရောက်မယ့် အိန္ဒိယနိုင်ငံလွတ်လပ် ရေးနေ့အတွက် ပြင်ဆင်မှုတွေလုပ်နေပါတယ်။
အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ရုပ်သိမ်းလိုက်လို့ ဆန္ဒပြမှုတွေပေါ်ထွက်လာပြီးက တည်းက နိုင်ငံရဲ့လုံခြုံရေးအခြေအနေကိုတင်းကြပ်ခဲ့တာဟာ အခုဆိုရင်(၉)ရက်ရှိပြီဖြစ်ပါတယ်။
အိန္ဒိယအာဏာပိုင် တွေအနေနဲ့ ကက်ရှ်မီးယားဒေသကို ဥပဒေစိုးမိုးအောင်လုပ်ဖို့ကတော့ အချိန်လိုဦးမှာဖြစ်တယ်လို့ တရားရုံးချုပ် တရားသူကြီးကပြောပါတယ်။ နေ့စဉ်ပုံမှန်ဘ၀ကိုအနှောက်အယှက်ဖြစ်စေတဲ့အပြောင်းအလဲတွေ နဲ့ ဆက်သွယ်ရေး တွေအပေါ်တားမြစ်ပိတ်ပင်ထားမှုကို ဖယ်ရှားဖို့ကြိုးစားတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့အသနားခံစာကို တရားရုံးက ကြားနေစစ်ဆေးနေတာဖြစ်ပါတယ်။ အိန္ဒိယအစိုးရက ဂျမူး နဲ့ ကက်ရှ်မီးယား ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့် အရေး နဲ့ ကက်ရှ်မီးယားဒေသမှာနေထိုင်သူမဟုတ်ရင်မြေယာဝယ်ယူခွင့် မရှိဘူးဆိုတဲ့ ကန့်သတ်ချက်ကို ပြန်ရုပ်သိမ်း လိုက်တဲ့ အခုလ(၅)ရက်နေ့ကတည်းက တယ်လီဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ နဲ့ ရုပ်သံလိုင်းတွေ အားလုံးကို ပိတ်ပစ်ထားတာဖြစ်ပါတယ်။
အခုလ(၁၅)ရက်နေ့မှာကျရောက်မယ့် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ကို ဆင်နွှဲဖို့ ကြိုတင်ပြင်ဆင်မှုတွေအပြည့်အ၀လုပ် ဆောင်နေချိန်မှာ တရားရုံးရဲ့ကြေညာချက်ထွက်လာတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Translated by - (စုစံစိုး)






0 comments:
Post a Comment