
ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ချက် (၃၇၆၅)ချက်ထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြင်ဆင်ချက်(၁၀)ချက်ဆိုတာကို ပယ်ဖျက်ပေးဖို့ ပြည်ထောင်စုလွှတ်တော်နာယကဆီတင်သွင်းထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက တင်ပြထားတဲ့ ပြင်ဆင်ချက်(၁၀)ချက်ဟာ (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (၄၅)ယောက် ကော်မတီမှာ ဆွေးနွေးခဲ့တာ မဟုတ်ဘဲ ပြည်ထောင်စုလွှတ်တော်မှာတင်ပြခဲ့တဲ့အချက်တွေကို (၄၅)ယောက် ကော်မတီရဲ့ဆွေးနွေးချက်တွေထဲမှာ ရောပြီးထည့်ထားတာဖြစ်လို့ အခုလိုပယ်ဖျက်ဖို့တောင်းဆိုတာဖြစ်တယ်လို့ ဦးသောင်းအေးက ပြောပါတယ်။
“ ကျွန်တော်တို့က ဟိုဘက်ကလုပ်နေတဲ့ (၄၅)ဦး ကော်မတီထဲထည့်တာကို လက်မခံတာပါ” လို့ ဦးသောင်းအေးက ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်နာယက က လက်ခံခဲ့တာကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တရားဝင်စာထုတ်ပြန်ပေးဖို့ ဆက်လက်တင်ပြထားတယ်လို့ သိရပါတယ်။
သတင်း - သိန်းကိုလွင်၊ ငြိမ်းချမ်းအောင်






0 comments:
Post a Comment