
မွန်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြင့်တက်လာသလို တောင်ကျချောင်းရေများ ကျဆင်းလာခြင်းကြောင့် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရောမြို့နယ်များတွင် ရေကြီးနစ်မြှုပ်မှုမျာား ဖြစ်ပေါ်နေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ် လုပ်ဆောင်နေကြရသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မုတ္တမဘက်အခြမ်းတွင် ကားလမ်းရေကျော်နေသဖြင့် သံလွင်တံတား(မော်လမြိုင်)ကို ယာယီပိတ်ထားရသည်။ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင်မူ တောင်ပြိုကျ၍ နေအိမ်များ ပိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေကြရသည်။













0 comments:
Post a Comment